Thursday, 16 January 2020
ကိုယ်လိုချင်တဲ့အရာကိုရရှိဖို့ ကိုယ့်စိတ်ဓာတ်ကိုယ်ကို လှုံ့ဆော်နည်း။၁။ ပန်းတိုင်သတ်မှတ်ပါ။ပန်းတိုင်သတ်မှတ်ပြီးပြီဆိုရင် နည်းလမ်းတွေကို ရှာဖွေပြီး ရောက်အောင်သွားဖို့ ကြိုးစားပါ။ ဘာအကြောင်းကြောင့်မှ ဦးတည်ရာလမ်းကြောင်းပေါ်က မလွဲချော်ပါစေနဲ့။၂။ အောင်မြင်မှုအတိုင်းအတာကို ကန့်သတ်ပါ။ကိုယ်ကန့်သတ်ထားတဲ့ အောင်မြင်မှုအတိုင်းအတာမရောက်မချင်း ဇွဲမလျှော့ပါနဲ့။၃။ ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်ပါ။အောင်မြင်နေတဲ့သူတွေ၊ အကောင်းမြင်ဝါဒရှိသူတွေ၊ ဘဝရည်မှန်းချက်ရှိသူတွေ၊ ကြိုးစား နေသူတွေနဲ့ ကိုယ့်ကိုယ်ကို ဝန်းရံလိုက်ပါ။ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေ၊ အဆိုးမြင်ဝါဒရှိသူ တွေနဲ့ ဝေးဝေးနေလိုက်ပါ။ ၄။ ကျန်းမာရေးကို ဂရုစိုက်ပါ။ကောင်းမွန်စွာ နေထိုင်စားသောက်ပါ။ လမ်းများများ လျှောက်ပါ။ အနားယူပါ။ အိပ်ရေးဝဝ အိပ်ပါ။၅။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။ဘယ်အခြေအနေပဲရောက်ရောက် ကိုယ့်ကိုယ်ကိုအထင်မသေးပါနဲ့။ လက်ရှိကိုယ်ပိုင် ဆိုင်ထားတဲ့ အောင်မြင်မှုတွေဟာ ကိုယ့်စိတ်ကူးအိပ်မက်သေးသေးလေးတွေကနေ စတင်ခဲ့ရတာကို ဘယ်တော့မှမမေ့ပါနဲ့။၆။ ကိုယ့်ကိုယ်ကို အားပေးပါ။မနေ့တုန်းက ပြီးသွားတဲ့အပြစ်တွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ပိုကောင်းတဲ့ မနက်ဖြန်ဖြစ်အောင် ကြိုးစားဖို့သာ ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။၇။ အမြဲရှေ့ဆက်နေပါ။လုပ်သင့်တာတွေကို ချက်ခြင်းလုပ်ခြင်းက ကိုယ့်ပန်းတိုင်ဆီ မြန်မြန်ရောက်ရှိစေပါတယ်။ ဒါကြောင့် ရပ်မနေဘဲ အမြဲရှေ့ဆက်တိုးရင်း အောင်မြင်မှုနဲ့နီးကပ်အောင် လျှောက်လှမ်းလိုက်ပါ။ယခုဆောင်းပါးလေးကို အခြားသူတွေပါ ဖတ်ရအောင် SHARE လိုက်ပါဦးနော်။#ဂန္ထဝင်မဂ္ဂဇင်း
ကိုယ်လိုချင်တဲ့အရာကိုရရှိဖို့ ကိုယ့်စိတ်ဓာတ်ကိုယ်ကို လှုံ့ဆော်နည်း။
၁။ ပန်းတိုင်သတ်မှတ်ပါ။
ပန်းတိုင်သတ်မှတ်ပြီးပြီဆိုရင် နည်းလမ်းတွေကို ရှာဖွေပြီး ရောက်အောင်သွားဖို့ ကြိုးစားပါ။ ဘာအကြောင်းကြောင့်မှ ဦးတည်ရာလမ်းကြောင်းပေါ်က မလွဲချော်ပါစေနဲ့။
၂။ အောင်မြင်မှုအတိုင်းအတာကို ကန့်သတ်ပါ။
ကိုယ်ကန့်သတ်ထားတဲ့ အောင်မြင်မှုအတိုင်းအတာမရောက်မချင်း ဇွဲမလျှော့ပါနဲ့။
၃။ ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်ပါ။
အောင်မြင်နေတဲ့သူတွေ၊ အကောင်းမြင်ဝါဒရှိသူတွေ၊ ဘဝရည်မှန်းချက်ရှိသူတွေ၊ ကြိုးစား နေသူတွေနဲ့ ကိုယ့်ကိုယ်ကို ဝန်းရံလိုက်ပါ။ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေ၊ အဆိုးမြင်ဝါဒရှိသူ တွေနဲ့ ဝေးဝေးနေလိုက်ပါ။ 
၎။ ကျန်းမာရေးကို ဂရုစိုက်ပါ။
ကောင်းမွန်စွာ နေထိုင်စားသောက်ပါ။ လမ်းများများ လျှောက်ပါ။ အနားယူပါ။ အိပ်ရေးဝဝ အိပ်ပါ။
၅။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။
ဘယ်အခြေအနေပဲရောက်ရောက် ကိုယ့်ကိုယ်ကိုအထင်မသေးပါနဲ့။ လက်ရှိကိုယ်ပိုင် ဆိုင်ထားတဲ့ အောင်မြင်မှုတွေဟာ ကိုယ့်စိတ်ကူးအိပ်မက်သေးသေးလေးတွေကနေ စတင်ခဲ့ရတာကို ဘယ်တော့မှမမေ့ပါနဲ့။
၆။ ကိုယ့်ကိုယ်ကို အားပေးပါ။
မနေ့တုန်းက ပြီးသွားတဲ့အပြစ်တွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ပိုကောင်းတဲ့ မနက်ဖြန်ဖြစ်အောင် ကြိုးစားဖို့သာ ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။
၇။ အမြဲရှေ့ဆက်နေပါ။
လုပ်သင့်တာတွေကို ချက်ခြင်းလုပ်ခြင်းက ကိုယ့်ပန်းတိုင်ဆီ မြန်မြန်ရောက်ရှိစေပါတယ်။ ဒါကြောင့် ရပ်မနေဘဲ အမြဲရှေ့ဆက်တိုးရင်း အောင်မြင်မှုနဲ့နီးကပ်အောင် လျှောက်လှမ်းလိုက်ပါ။
ယခုဆောင်းပါးလေးကို အခြားသူတွေပါ ဖတ်ရအောင် SHARE လိုက်ပါဦးနော်။
#ဂန္ထဝင်မဂ္ဂဇင်း
Wednesday, 15 January 2020
🌺🌺zaw🌺vs🌺uni🌺🌺
🌻လူတစ်ယောက်
🌻လူတစ်ယောက်
အရမ်းထက်မြက်သွားရင်
🌻လူတစ်ယောက်
အရမ်းပြတ်သားသွားရင်
သူတို့ မသိခဲ့ကြဘူး။
နောက်ကျောကို
သူတို့ မသိခဲ့ကြဘူး။
လူတစ်ချို့ရဲ့
သူတို့ မသိခဲ့ကြဘူး 
🌻လူတစ်ချို့က 
မသိခဲ့ကြဘူး။
🌻ဒီလို လူတွေကြားမှာ
ရပ်တည်နိုင်ဖို့
#Credit:
မာနလေးတော့ ထားခွင့်ပြုပါ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺
🌻လူတစ်ယောက်
အရမ်းတည်ငြိမ်သွားရင်
မာနကြီးတယ်လို့ မြင်ကြတယ်။
🌻လူတစ်ယောက်
အရမ်းထက်မြက်သွားရင်
ဘဝင်မြင့်လိုက်တာလို့ ထင်ကြတယ်။
🌻လူတစ်ယောက်
အရမ်းပြတ်သားသွားရင်
ရက်စက်လိုက်တာလို့ စွပ်စွဲကြတယ်။
🌻ဒီလို တည်ငြိမ်ရင့်ကျက်သွားဖို့
နာကျင်မှုတွေနဲ့ ရင်းနှီးခဲ့ရတယ်ဆိုတာ
သူတို့ မသိခဲ့ကြဘူး။
🌻ဒီလို ထက်မြက်သွားဖို့
နောက်ကျောကို
ဓားနဲ့ထိုးခဲ့တဲ့ လူတစ်ချို့ကြောင့်လို့
သူတို့ မသိခဲ့ကြဘူး။
🌻ဒီလို ပြတ်သားသွားဖို့
လူတစ်ချို့ရဲ့
သင်ခန်းစာကို ရရှိတာကြောင့်လို့
သူတို့ မသိခဲ့ကြဘူး 
🌻လူတစ်ချို့က 
ကိုယ်အော်တာပဲ ကြားတယ်။
ကိုယ့်ကို တိုက်ခိုက်ခံနေရတာကို
မသိခဲ့ကြဘူး။
🌻ဒီလို လူတွေကြားမှာ
လူတစ်ယောက် ဂုဏ်သိက္ခာရှိစွာ
ရပ်တည်နိုင်ဖို့
မာနလေးတော့ ထားခွင့်ပြုပါ။
🌻ဆိုးဝါးတဲ့ အတိတ်ဆိုးတွေအတွက်
ရင့်ကျက်ခြင်းတစ်ခုရဖို့
မာနလေးတော့ ထားခွင့်ပြုပါ။
🌻ပေးဆပ်ခဲ့ရသလောက် မတန်တဲ့
မညီမျှတဲ့ အရင်းအနှီးတွေအတွက်
မာနလေးတော့ ထားခွင့်ပြုပါ။
#Credit:
Monday, 6 January 2020
သင်​စိတ်​ဓာတ်​ကျတဲ့အခါ ဖတ်​ဖို့
သင်စိတ်ဓာတ်ကျနေတဲ့အခါဖတ်ဖို့
**********************
သင်-အကြောင်း အမျိုးမျိုးကြောင့်
စိတ်ဓါတ်ကျတဲ့အခါ သင့်ကို
အားပေးမယ့်သူကို
မရှာပါနဲ့ မတွေ့နိုင်ဘူးဆိုတာထက်
သင်အားငယ်စိတ်ဓာတ်ကျတဲ့အခါတိုင်း
သူတစ်ပါးကို အားကိုးတတ်တဲ့စိတ်က
သင့်ဘဝကို စိုးမိုးသွားပါလိမ့်မယ်။
သင်စိတ်ညစ်တဲ့အခါတိုင်းတွေးကြည့်ပါ
လူတိုင်းမှာ အနည်းအများကတော့
ပြဿနာတွေ ဒုက္ခတွေ ကိုယ်စီရှိကြတဲ့အတွက်
သင့်တစ်ဦးတစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူးဆိုတဲ့ အတွေးတစ်ခုရှိဖို့လိုအပ်ပါတယ်။
ဒါမှသာလျှင် သင့်ဒုက္ခတွေ
သင့်ပြဿနာတွေက သူများတွေလောက်
မကြီးဘူးဆိုတဲ့အတွေးနဲ့ စိတ်သက်သာရာ
အကြောင်းတစ်ခုဖြစ်ပေါ်စေမှာပဲဖြစ်ပါတယ်။
ဒီလိုမတွေးပဲ ဖြစ်သမျှအကြောင်းကို
ခေါင်းပူအောင် တွေးနေသမျှ
သင်ဘယ်တော့မှ စိတ်ဓာတ်ကျခြင်းက
ကျော်လွှားနိုင်မှာမဟုတ်ပါဘူး။
လောကနိယာမအရ
ဖြစ်ခြင်း ပျက်ခြင်းဆိုတာ
မမြဲတဲ့အတွက် သင်ကြုံတွေ့နေရတဲ့
အခက်အခဲတွေကလဲ မမြဲနိုင်ပါဘူး
ဒါကြောင့် ဘယ်လိုအတွေးတွေကို
ခေါင်းထဲမှာ ကြာကြာမထာသင့်ဘူး၊
ဘယ်လိုစိတ်မျိုးထားပြီး ပယ်ဖျက်သင့်သလဲဆိုတာ သင့်စိတ်ထားတဲ့အပေါ်မူတည်ပြီး
အဆုံးအဖြတ်ပေးပါလိမ့်မယ်။
ကိုယ့်အတွေးတစ်ခုကြောင့်
အချိန်ကြာသည်အထိ ကိုယ့်စိတ်ဓာတ်တွေ
ကျဆင်းအောင် မနှိမ်စက်မိပါစေနဲ့။
စိတ်ဓာတ်ကျတဲ့အခါတိုင်းဖတ်ပါ
တစ်ကမ္ဘာလုံးက ဒုက္ခတွေက ကိုယ်ကြုံတွေ့ရတာထက်စာရင် အသေးမွှားလေးတစ်ခုပါ။
လေးစားစွာဖြင့်🌸🌸🌸
MayHsu -ရာမ ည​မြေ
Saturday, 4 January 2020
အိမ်​​ထောင်​​ရေး
#အိမ်ထောင်တစ်ခုမှာ
#အချစ်တစ်ခုထဲနဲ့လည်း_မပြည့်စုံသလို
#ငွေတစ်ခုထဲနဲ့လည်း_မသာယာနိုင်ဘူး ။......
တစ်ယောက်နဲ့ တစ်ယောက်
ယုံကြည်မှု နားလည်မှုတွေလည်း လိုအပ်တယ်
သူ့မိသားစု ကိုယ့်မိသားစု
နှစ်ဖက်လုံးကို နားလည်ပေးနိုင်ဖို့လဲလိုတယ်.. ..
ဝမ်းဝရုံ ခါးလှရုံ 
     ထားနိုင်နေနိုင်ရုံနဲ့လည်း အိမ်ထောင်ဦးစီးတာဝန် မကျေပွန်သေးဘူး။
ဇနီးအပေါ်မှာ ကြင်​နာမှု ဂရုစိုက်မှု
သည်းခံခွင့်လွှတ်မှု တွေလည်း ပိုင်ဆိုင်ထားရမယ်.. ...
အိမ်မှုကိစ္စ နိုင်နင်းရုံနဲ့လည်း
   ဇနီးမယားတစ်ယောက်ရဲ့
တာဝန် မကျေပွန်သေးဘူး ။......
ခင်ပွန်းအပေါ်မှာ ယုံကြည်မှု လေးစားမှု
  ရိုသေမှု အားကိုးထိုက်မှုတွေနဲ့ ချစ်ခင်မှုတွေလည်း 
          ပိုင်ဆိုင်ထားရမယ်.. .........
အဓိက တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန် နားလည်မှု ယုံကြည်မှု
ချစ်ခင်မှုတွေလည်း ရှိရမယ်.. ......
ချစ်လို့ယူထားကြတာပဲ
                          ဘာ့ကြောင့်.. .....
ယူပြီးမှ တစ်ယောက်နဲ့တစ်ယောက် တစ်ယောက်
        ရန်လိုမှုတွေ သည်းမခံနိုင်တာတွေ  စကားတွေအမှားမခံကြတော့တာလဲ.. ....
အိမ်ထောင်မပြုခင်
           သေချာစဉ်းစားကြပါ.. ..
ချစ်နေတဲ့အချိန်မှာ သူဘာပြောပြော
   ကိုယ်ဘာလုပ်လုပ် ခွင့်လွှတ်နိုင်ကြတယ်.....
အဲ့သလိုပဲ လက်ထပ်ပြီးတဲ့အခါကျရင်လည်း
       နားလည်မှုတွေ သည်းခံမှုတွေ
     ချစ်ခြင်းတရားတွေ ခိုင်မြဲကြပါစေ.. .....
.
ချစ်တဲ့သူတိုင်းလည်း ပေါင်းစည်းကြရပါစေ❤❤
.
လူတစ်ယောက်ကို တစ်ယောက်
ချစ်လို့ လက်ထပ်တော့မယ်ဆို့
သူ့ကို ငါချစ်ရဲ့လား သူ့ရဲ့အဝေးမှာ နေနိုင်ပါ့မလားလို့ တွေးရမှာမဟုတ်ဘူး။
သူ့နားမှာ ငါတစ်သက်လုံးနေနိုင်ပါ့မလားလို့ တွေးရမှာပါ ။
တစ်ချို့တွေက "
ချစ်သူဘဝမှာ အဆင်ပြေသလောက်
အိမ်ထောင်ရေးမှာ အဆင်မပြေကြဘူး
ကံမကောင်းတတ်ကြဘူး။
တစ်ချို့တွေကျတော့လည်း အချစ်ရေးမှာ 
အဆင်မပြေပေမယ့်လည်း အိမ်ထောင်ရေးမှာ
ကံကောင်းသွားတတ်ကြတယ်။
ချစ်သူဘဝက 
တကယ့်ကို ‌ပေါ့ပေါ့ပါးပါးပဲလေ
အဆင်ပြေကြမှာပေါ့ ဒါတောင်အားလုံး
အဆင်ပြေကြတာမဟုတ်ဘူး ။
နောက်တစ်ခု 
ချစ်သူဘဝမှာတောင်မှ အဆင်မပြေပဲ
စိတ်ဆင်းရဲနေရရင် သူ့ကို ငါ့လက်ထဲရောက်မှ
ပြုပြင်ယူမယ်ဆိုတဲ့ အတွေးမျိုးတွေးတဲ့သူတွေ 
အများစုက ဦးနှောက်မရှိတာ့
မိုက်ရူးရဲဆန်တာလို့ပဲ မြင်တယ် ။
လူတစ်ယောက်ရဲ့အကျင့်ကို ပြုပြင်ယူလို့ရရင်ရမယ် လူတစ်ယောက်ရဲ့
ဗီဇကိုတော့ ပြုပြင်ယူလို့မရဘူး ။
ချစ်သူဘဝမှာတော့ 
ချစ်တယ် ချစ်တယ်ပြောရင် ပြည့်စုံနေပြီလေ။
ဘဝထဲမှာတော့ ချစ်တယ် ချစ်တယ့့်
ပြောနေလို့ မရတော့ဘူး။
ချစ်သူဘဝက 
‌ပေါ့ပေါ့ပါးပါးပဲလေ အဆင်ပြေကြမှာပေါ့
အိမ်ထောင်တစ်ခုထူထောင်ပြီဆို နှစ်ဖက်အသိုင်းအဝိုင်းပါလာပြီ ။
ချစ်သူဘဝမှာ ကိုယ်မမြင်နိုင်တဲ့ " သူ့ရဲ့အကျင့်တစ်ချို့တစ်လေကို
တကယ့်အနီးကပ်နေကြည့်မှ 
ကိုယ်လက်မခံနိုင်တဲ့ သူ့ရဲ့အကျင့်တွေကို တွေ့မြင်လာမယ် ညှိနှိုင်းလို့ရတဲ့ကိစ္စတွေ
ရှိပေမယ့်တစ်ချို့ကိစ္စတွေကညှိနှိုင်းယူလို့မရတဲ့ဟာတွေရှိတယ် ကိုယ်သည်းခံနိုင်တဲ့အရာဆို ဘာမှမဖြစ်ဘူး ကိုယ်ဘယ်လိုမှ သည်းမခံနိုင်တဲ့အရာဆို့
ဘဝတစ်လျှောက်လုံးသွားပြီလေ။
ဒါကြောင့် အိမ်ထောင်တစ်ခု ထူထောင်တော့မယ်ဆို
လေ့လာပါ ဆန်းစစ်ပါ ပြီးတော့
သူ့ရဲ့အဝေးမှာနေနိုင်ပါ့မလားလို့ မတွေးပါနဲ့ 
( ဘယ်လောက်ချစ်ချစ် ဝေးခဲ့ရင်နေလို့ရပါတယ် )
သူ့နားမှာ တစ်သက်လုံး ငါနေနိုင်ပါ့မလားလို့ပဲတွေးပါ
ပြီးစလွယ် မိုက်ရူးရဲမဆန်ကြပါနဲ့လို့
ကိုယ်တကယ်ချစ်တဲ့သူနဲ့မှ အိမ်ထောင်ပြုတာ
အကောင်းဆုံးပါပဲ့ ( တကယ်ချစ်မှ သည်းခံနိုင်မှာလေ )
တကယ်ချစ်မှ အိမ်ထောင်ထူထောင်ကြပါလို့။
အရမ်းချစ်လို့ သူဘာလုပ်လုပ် ခွင့်လွှတ်ပြီးသားဆိုတဲ့
သူတွေကိုမပြောဘူး။
လူတိုင်း လူတိုင်း ပျော်ရွှင်တဲ့အိမ်ထောင်ရေးတွေ့
ပိုင်ဆိုင်နိုင်ကြပါစေ့။
ချစ်ခြင်းမေတ္တာများဖြင့့်
NADI KONNCHO
..
ပျော်​ရွင်​မူ့ ဆိုတာ ကိုယ့်​ဆီမှာ ရှိတာ
``ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲရှိတာပါ``
___________________________________
🍁……ငယ်ငယ်က အလိုမကျတိုင်း ချော့မယ့်သူ၊
စိတ်ချမ်းသာအောင် ၊ပျော်ရွှင်အောင်
လုပ်ပေးနိုင်တဲ့
မိဘရှိပေမယ့်  အသက်အရွယ်ရလာလို့
ကိုယ့်ဘဝကိုယ်လျှောက်တဲ့အခါ
ကိုယ့်စိတ်ကသာ  ကိုယ့်ကို စိတ်ချမ်းသာအောင် ထားနိုင်မယ့်တစ်ခုတည်းသောအရာပါ။
🍁……ဘဝမှာ လူတိုင်းက
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဓာတ်ကျခြင်း၊ဝမ်းနည်းခြင်း
ပူဆွေး၊သောကတွေက
ပြေးမလွတ်နိုင်အောင်ရှိတက်ကြပါတယ်
ဒါပေမဲ့ဒီအရာတွေအားလုံးက
ကိုယ့်စိတ်ကဖြစ်ပေါ်လာတာပါ။
🍁……ကိုယ့်ရဲ့စိတ်ကိုထိန်းရင်း
ဖြစ်ပေါ်လာတဲ့ခံစားချက်တိုင်းကို
အစွဲမထားရင် အကောင်းဆုံးပါပဲ
ဖြစ်သမျှအကြောင်းကို
အကောင်းပဲမှတ်လိုက်ပါ
ကြားသမျှစကားကို နားထဲမစွဲပါနဲ့
နားထောင်သင့်သမျှ နားထောင်ရင်
နားမထောင်သင့်တဲ့စကားဆို
ထုတ်ပြစ်လိုက်ပါ...
ဘာကိုမှအစွဲမထားပါနဲ့။
🍁……လူတိုင်းက လူပင်ပန်းတာခံနိုင်ကြပေမဲ့
စိတ်ပင်ပန်းဒဏ်ကို မခံနိုင်ကြပါဘူး
ဒါကြောင့် ကိုယ့်စိတ်ကိုပင်ပန်းစေတဲ့
လူတွေကို မေ့ထားလိုက်ပါ
ကိုယ့်စိတ်ကို ဒဏ်ရာပေးတဲ့ပါတ်ဝန်းကျင်နဲ့
ဝေးဝေးနေလိုက်ပါ
ကိုယ့်ခံစားချက်ကို လူတိုင်းကို
ယုံပြီးဖွင့်မပြောပါနဲ့  ဆေးပေးမဲ့သူထက်
ထိုးနှက်မယ့်သူတွေများတက်ပါတယ်
ဒီစိတ်နဲ့ ကိုယ်လဲပျော်နိုင်မှာမဟုတ်ဘူးလေ။
🍁……တကယ်တော့ လောကမှာ
ပျောရွှင်မှုပေးနိုင်တာ ကိုယ်တိုင်ကလွဲပြီး
ဘယ်သူမှမရှိနိုင်ပါဘူး
သူငါ့ကိုအရမ်းချစ်လို့ ပျော်အောင်ထားနိုင်မယ်လို့
မထင်ပါနဲ့  ကိုယ်လဲလူ၊သူလဲလူပဲ
အနည်းအများတော့ စိတ်ရှုပ်စရာတွေရှိနိုင်တာပဲ
ကိုယ့်စိတ်ကိုယ်တောင် ပျော်အောင်
မထားနိုင်တာ သူတစ်ပါးဆီကရဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
🍁……ဘယ်လောက်ထိ ကြီးမားတဲ့
ပြဿနာဖြစ်နေပါစေ
အချိန်တန်ရင်ပြီးသွားမှာပဲဆိုတာ
မမေ့ပါနဲ့...
ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲရှိတာပါ
ဒါကို #သင်...လုံးဝမမေ့ပါနဲ့။
Credit:
လေးစားစွာဖြင့်
May Hsu (ရာမညမြေ)
Friday, 3 January 2020
တန်းဖိုးရှိသောစာ═══════၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ ၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ၎။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့ ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ် ၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။ ၁၄။ အားနာရင် ခါးပါတတ်တယ်။ မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။ ၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။ ၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။ ၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။Credithttps://www.facebook.com/advicechannel.1/☝☝☝☝☝☝☝☝
တန်းဖိုးရှိသောစာ
═══════
၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ 
လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ 
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။
၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ
၎။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။
၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။
၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။
၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့ 
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။
၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ် 
၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်
၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။
၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။ 
၁၄။ အားနာရင် ခါးပါတတ်တယ်။ 
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။
၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။
၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။
၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။ 
၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။
၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။ 
၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။
၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။
၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။
၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။
၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။ 
၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။
၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။
၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။
၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။
၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။
၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။
Credit
https://www.facebook.com/advicechannel.1/
☝☝☝☝☝☝☝☝☝☝