Saturday, 4 January 2020

အိမ်​​ထောင်​​ရေး

#အိမ်ထောင်တစ်ခုမှာ
#အချစ်တစ်ခုထဲနဲ့လည်း_မပြည့်စုံသလို
#ငွေတစ်ခုထဲနဲ့လည်း_မသာယာနိုင်ဘူး ။......

တစ်ယောက်နဲ့ တစ်ယောက်
ယုံကြည်မှု နားလည်မှုတွေလည်း လိုအပ်တယ်

သူ့မိသားစု ကိုယ့်မိသားစု
နှစ်ဖက်လုံးကို နားလည်ပေးနိုင်ဖို့လဲလိုတယ်.. ..

ဝမ်းဝရုံ ခါးလှရုံ 
     ထားနိုင်နေနိုင်ရုံနဲ့လည်း အိမ်ထောင်ဦးစီးတာဝန် မကျေပွန်သေးဘူး။

ဇနီးအပေါ်မှာ ကြင်​နာမှု ဂရုစိုက်မှု
သည်းခံခွင့်လွှတ်မှု တွေလည်း ပိုင်ဆိုင်ထားရမယ်.. ...

အိမ်မှုကိစ္စ နိုင်နင်းရုံနဲ့လည်း
   ဇနီးမယားတစ်ယောက်ရဲ့
တာဝန် မကျေပွန်သေးဘူး ။......

ခင်ပွန်းအပေါ်မှာ ယုံကြည်မှု လေးစားမှု
  ရိုသေမှု အားကိုးထိုက်မှုတွေနဲ့ ချစ်ခင်မှုတွေလည်း 
          ပိုင်ဆိုင်ထားရမယ်.. .........

အဓိက တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန် နားလည်မှု ယုံကြည်မှု
ချစ်ခင်မှုတွေလည်း ရှိရမယ်.. ......

ချစ်လို့ယူထားကြတာပဲ
                          ဘာ့ကြောင့်.. .....
ယူပြီးမှ တစ်ယောက်နဲ့တစ်ယောက် တစ်ယောက်
        ရန်လိုမှုတွေ သည်းမခံနိုင်တာတွေ  စကားတွေအမှားမခံကြတော့တာလဲ.. ....

အိမ်ထောင်မပြုခင်
           သေချာစဉ်းစားကြပါ.. ..
ချစ်နေတဲ့အချိန်မှာ သူဘာပြောပြော
   ကိုယ်ဘာလုပ်လုပ် ခွင့်လွှတ်နိုင်ကြတယ်.....

အဲ့သလိုပဲ လက်ထပ်ပြီးတဲ့အခါကျရင်လည်း
       နားလည်မှုတွေ သည်းခံမှုတွေ
     ချစ်ခြင်းတရားတွေ ခိုင်မြဲကြပါစေ.. .....
.
ချစ်တဲ့သူတိုင်းလည်း ပေါင်းစည်းကြရပါစေ❤❤
.
လူတစ်ယောက်ကို တစ်ယောက်
ချစ်လို့ လက်ထပ်တော့မယ်ဆို့
သူ့ကို ငါချစ်ရဲ့လား သူ့ရဲ့အဝေးမှာ နေနိုင်ပါ့မလားလို့ တွေးရမှာမဟုတ်ဘူး။
သူ့နားမှာ ငါတစ်သက်လုံးနေနိုင်ပါ့မလားလို့ တွေးရမှာပါ ။

တစ်ချို့တွေက "
ချစ်သူဘဝမှာ အဆင်ပြေသလောက်
အိမ်ထောင်ရေးမှာ အဆင်မပြေကြဘူး
ကံမကောင်းတတ်ကြဘူး။
တစ်ချို့တွေကျတော့လည်း အချစ်ရေးမှာ 
အဆင်မပြေပေမယ့်လည်း အိမ်ထောင်ရေးမှာ
ကံကောင်းသွားတတ်ကြတယ်။

ချစ်သူဘဝက 
တကယ့်ကို ‌ပေါ့ပေါ့ပါးပါးပဲလေ
အဆင်ပြေကြမှာပေါ့ ဒါတောင်အားလုံး
အဆင်ပြေကြတာမဟုတ်ဘူး ။

နောက်တစ်ခု 
ချစ်သူဘဝမှာတောင်မှ အဆင်မပြေပဲ
စိတ်ဆင်းရဲနေရရင် သူ့ကို ငါ့လက်ထဲရောက်မှ
ပြုပြင်ယူမယ်ဆိုတဲ့ အတွေးမျိုးတွေးတဲ့သူတွေ 
အများစုက ဦးနှောက်မရှိတာ့
မိုက်ရူးရဲဆန်တာလို့ပဲ မြင်တယ် ။
လူတစ်ယောက်ရဲ့အကျင့်ကို ပြုပြင်ယူလို့ရရင်ရမယ် လူတစ်ယောက်ရဲ့
ဗီဇကိုတော့ ပြုပြင်ယူလို့မရဘူး ။

ချစ်သူဘဝမှာတော့ 
ချစ်တယ် ချစ်တယ်ပြောရင် ပြည့်စုံနေပြီလေ။
ဘဝထဲမှာတော့ ချစ်တယ် ချစ်တယ့့်
ပြောနေလို့ မရတော့ဘူး။

ချစ်သူဘဝက 
‌ပေါ့ပေါ့ပါးပါးပဲလေ အဆင်ပြေကြမှာပေါ့
အိမ်ထောင်တစ်ခုထူထောင်ပြီဆို နှစ်ဖက်အသိုင်းအဝိုင်းပါလာပြီ ။
ချစ်သူဘဝမှာ ကိုယ်မမြင်နိုင်တဲ့ " သူ့ရဲ့အကျင့်တစ်ချို့တစ်လေကို
တကယ့်အနီးကပ်နေကြည့်မှ 
ကိုယ်လက်မခံနိုင်တဲ့ သူ့ရဲ့အကျင့်တွေကို တွေ့မြင်လာမယ် ညှိနှိုင်းလို့ရတဲ့ကိစ္စတွေ
ရှိပေမယ့်တစ်ချို့ကိစ္စတွေကညှိနှိုင်းယူလို့မရတဲ့ဟာတွေရှိတယ် ကိုယ်သည်းခံနိုင်တဲ့အရာဆို ဘာမှမဖြစ်ဘူး ကိုယ်ဘယ်လိုမှ သည်းမခံနိုင်တဲ့အရာဆို့
ဘဝတစ်လျှောက်လုံးသွားပြီလေ။

ဒါကြောင့် အိမ်ထောင်တစ်ခု ထူထောင်တော့မယ်ဆို
လေ့လာပါ ဆန်းစစ်ပါ ပြီးတော့
သူ့ရဲ့အဝေးမှာနေနိုင်ပါ့မလားလို့ မတွေးပါနဲ့ 
( ဘယ်လောက်ချစ်ချစ် ဝေးခဲ့ရင်နေလို့ရပါတယ် )
သူ့နားမှာ တစ်သက်လုံး ငါနေနိုင်ပါ့မလားလို့ပဲတွေးပါ
ပြီးစလွယ် မိုက်ရူးရဲမဆန်ကြပါနဲ့လို့

ကိုယ်တကယ်ချစ်တဲ့သူနဲ့မှ အိမ်ထောင်ပြုတာ
အကောင်းဆုံးပါပဲ့ ( တကယ်ချစ်မှ သည်းခံနိုင်မှာလေ )
တကယ်ချစ်မှ အိမ်ထောင်ထူထောင်ကြပါလို့။

အရမ်းချစ်လို့ သူဘာလုပ်လုပ် ခွင့်လွှတ်ပြီးသားဆိုတဲ့
သူတွေကိုမပြောဘူး။

လူတိုင်း လူတိုင်း ပျော်ရွှင်တဲ့အိမ်ထောင်ရေးတွေ့
ပိုင်ဆိုင်နိုင်ကြပါစေ့။

ချစ်ခြင်းမေတ္တာများဖြင့့်
NADI KONNCHO
..

No comments:

Post a Comment

မင်္ဂလာပါ ရွှင်​လန်းချမ်း​မြေ့ပါ​စေ