``ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲရှိတာပါ``
___________________________________
🍁……ငယ်ငယ်က အလိုမကျတိုင်း ချော့မယ့်သူ၊
စိတ်ချမ်းသာအောင် ၊ပျော်ရွှင်အောင်
လုပ်ပေးနိုင်တဲ့
မိဘရှိပေမယ့် အသက်အရွယ်ရလာလို့
ကိုယ့်ဘဝကိုယ်လျှောက်တဲ့အခါ
ကိုယ့်စိတ်ကသာ ကိုယ့်ကို စိတ်ချမ်းသာအောင် ထားနိုင်မယ့်တစ်ခုတည်းသောအရာပါ။
🍁……ဘဝမှာ လူတိုင်းက
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဓာတ်ကျခြင်း၊ဝမ်းနည်းခြင်း
ပူဆွေး၊သောကတွေက
ပြေးမလွတ်နိုင်အောင်ရှိတက်ကြပါတယ်
ဒါပေမဲ့ဒီအရာတွေအားလုံးက
ကိုယ့်စိတ်ကဖြစ်ပေါ်လာတာပါ။
🍁……ကိုယ့်ရဲ့စိတ်ကိုထိန်းရင်း
ဖြစ်ပေါ်လာတဲ့ခံစားချက်တိုင်းကို
အစွဲမထားရင် အကောင်းဆုံးပါပဲ
ဖြစ်သမျှအကြောင်းကို
အကောင်းပဲမှတ်လိုက်ပါ
ကြားသမျှစကားကို နားထဲမစွဲပါနဲ့
နားထောင်သင့်သမျှ နားထောင်ရင်
နားမထောင်သင့်တဲ့စကားဆို
ထုတ်ပြစ်လိုက်ပါ...
ဘာကိုမှအစွဲမထားပါနဲ့။
🍁……လူတိုင်းက လူပင်ပန်းတာခံနိုင်ကြပေမဲ့
စိတ်ပင်ပန်းဒဏ်ကို မခံနိုင်ကြပါဘူး
ဒါကြောင့် ကိုယ့်စိတ်ကိုပင်ပန်းစေတဲ့
လူတွေကို မေ့ထားလိုက်ပါ
ကိုယ့်စိတ်ကို ဒဏ်ရာပေးတဲ့ပါတ်ဝန်းကျင်နဲ့
ဝေးဝေးနေလိုက်ပါ
ကိုယ့်ခံစားချက်ကို လူတိုင်းကို
ယုံပြီးဖွင့်မပြောပါနဲ့ ဆေးပေးမဲ့သူထက်
ထိုးနှက်မယ့်သူတွေများတက်ပါတယ်
ဒီစိတ်နဲ့ ကိုယ်လဲပျော်နိုင်မှာမဟုတ်ဘူးလေ။
🍁……တကယ်တော့ လောကမှာ
ပျောရွှင်မှုပေးနိုင်တာ ကိုယ်တိုင်ကလွဲပြီး
ဘယ်သူမှမရှိနိုင်ပါဘူး
သူငါ့ကိုအရမ်းချစ်လို့ ပျော်အောင်ထားနိုင်မယ်လို့
မထင်ပါနဲ့ ကိုယ်လဲလူ၊သူလဲလူပဲ
အနည်းအများတော့ စိတ်ရှုပ်စရာတွေရှိနိုင်တာပဲ
ကိုယ့်စိတ်ကိုယ်တောင် ပျော်အောင်
မထားနိုင်တာ သူတစ်ပါးဆီကရဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
🍁……ဘယ်လောက်ထိ ကြီးမားတဲ့
ပြဿနာဖြစ်နေပါစေ
အချိန်တန်ရင်ပြီးသွားမှာပဲဆိုတာ
မမေ့ပါနဲ့...
ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲရှိတာပါ
ဒါကို #သင်...လုံးဝမမေ့ပါနဲ့။
Credit:
လေးစားစွာဖြင့်
May Hsu (ရာမညမြေ)
No comments:
Post a Comment
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါစေ