သင်စိတ်ဓာတ်ကျနေတဲ့အခါဖတ်ဖို့
**********************
သင်-အကြောင်း အမျိုးမျိုးကြောင့်
စိတ်ဓါတ်ကျတဲ့အခါ သင့်ကို
အားပေးမယ့်သူကို
မရှာပါနဲ့ မတွေ့နိုင်ဘူးဆိုတာထက်
သင်အားငယ်စိတ်ဓာတ်ကျတဲ့အခါတိုင်း
သူတစ်ပါးကို အားကိုးတတ်တဲ့စိတ်က
သင့်ဘဝကို စိုးမိုးသွားပါလိမ့်မယ်။
သင်စိတ်ညစ်တဲ့အခါတိုင်းတွေးကြည့်ပါ
လူတိုင်းမှာ အနည်းအများကတော့
ပြဿနာတွေ ဒုက္ခတွေ ကိုယ်စီရှိကြတဲ့အတွက်
သင့်တစ်ဦးတစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူးဆိုတဲ့ အတွေးတစ်ခုရှိဖို့လိုအပ်ပါတယ်။
ဒါမှသာလျှင် သင့်ဒုက္ခတွေ
သင့်ပြဿနာတွေက သူများတွေလောက်
မကြီးဘူးဆိုတဲ့အတွေးနဲ့ စိတ်သက်သာရာ
အကြောင်းတစ်ခုဖြစ်ပေါ်စေမှာပဲဖြစ်ပါတယ်။
ဒီလိုမတွေးပဲ ဖြစ်သမျှအကြောင်းကို
ခေါင်းပူအောင် တွေးနေသမျှ
သင်ဘယ်တော့မှ စိတ်ဓာတ်ကျခြင်းက
ကျော်လွှားနိုင်မှာမဟုတ်ပါဘူး။
လောကနိယာမအရ
ဖြစ်ခြင်း ပျက်ခြင်းဆိုတာ
မမြဲတဲ့အတွက် သင်ကြုံတွေ့နေရတဲ့
အခက်အခဲတွေကလဲ မမြဲနိုင်ပါဘူး
ဒါကြောင့် ဘယ်လိုအတွေးတွေကို
ခေါင်းထဲမှာ ကြာကြာမထာသင့်ဘူး၊
ဘယ်လိုစိတ်မျိုးထားပြီး ပယ်ဖျက်သင့်သလဲဆိုတာ သင့်စိတ်ထားတဲ့အပေါ်မူတည်ပြီး
အဆုံးအဖြတ်ပေးပါလိမ့်မယ်။
ကိုယ့်အတွေးတစ်ခုကြောင့်
အချိန်ကြာသည်အထိ ကိုယ့်စိတ်ဓာတ်တွေ
ကျဆင်းအောင် မနှိမ်စက်မိပါစေနဲ့။
စိတ်ဓာတ်ကျတဲ့အခါတိုင်းဖတ်ပါ
တစ်ကမ္ဘာလုံးက ဒုက္ခတွေက ကိုယ်ကြုံတွေ့ရတာထက်စာရင် အသေးမွှားလေးတစ်ခုပါ။
လေးစားစွာဖြင့်🌸🌸🌸
MayHsu -ရာမ ညမြေ
No comments:
Post a Comment
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါစေ