Thursday, 16 January 2020

ကိုယ်လိုချင်တဲ့အရာကိုရရှိဖို့ ကိုယ့်စိတ်ဓာတ်ကိုယ်ကို လှုံ့ဆော်နည်း။၁။ ပန်းတိုင်သတ်မှတ်ပါ။ပန်းတိုင်သတ်မှတ်ပြီးပြီဆိုရင် နည်းလမ်းတွေကို ရှာဖွေပြီး ရောက်အောင်သွားဖို့ ကြိုးစားပါ။ ဘာအကြောင်းကြောင့်မှ ဦးတည်ရာလမ်းကြောင်းပေါ်က မလွဲချော်ပါစေနဲ့။၂။ အောင်မြင်မှုအတိုင်းအတာကို ကန့်သတ်ပါ။ကိုယ်ကန့်သတ်ထားတဲ့ အောင်မြင်မှုအတိုင်းအတာမရောက်မချင်း ဇွဲမလျှော့ပါနဲ့။၃။ ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်ပါ။အောင်မြင်နေတဲ့သူတွေ၊ အကောင်းမြင်ဝါဒရှိသူတွေ၊ ဘဝရည်မှန်းချက်ရှိသူတွေ၊ ကြိုးစား နေသူတွေနဲ့ ကိုယ့်ကိုယ်ကို ဝန်းရံလိုက်ပါ။ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေ၊ အဆိုးမြင်ဝါဒရှိသူ တွေနဲ့ ဝေးဝေးနေလိုက်ပါ။ ၄။ ကျန်းမာရေးကို ဂရုစိုက်ပါ။ကောင်းမွန်စွာ နေထိုင်စားသောက်ပါ။ လမ်းများများ လျှောက်ပါ။ အနားယူပါ။ အိပ်ရေးဝဝ အိပ်ပါ။၅။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။ဘယ်အခြေအနေပဲရောက်ရောက် ကိုယ့်ကိုယ်ကိုအထင်မသေးပါနဲ့။ လက်ရှိကိုယ်ပိုင် ဆိုင်ထားတဲ့ အောင်မြင်မှုတွေဟာ ကိုယ့်စိတ်ကူးအိပ်မက်သေးသေးလေးတွေကနေ စတင်ခဲ့ရတာကို ဘယ်တော့မှမမေ့ပါနဲ့။၆။ ကိုယ့်ကိုယ်ကို အားပေးပါ။မနေ့တုန်းက ပြီးသွားတဲ့အပြစ်တွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ပိုကောင်းတဲ့ မနက်ဖြန်ဖြစ်အောင် ကြိုးစားဖို့သာ ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။၇။ အမြဲရှေ့ဆက်နေပါ။လုပ်သင့်တာတွေကို ချက်ခြင်းလုပ်ခြင်းက ကိုယ့်ပန်းတိုင်ဆီ မြန်မြန်ရောက်ရှိစေပါတယ်။ ဒါကြောင့် ရပ်မနေဘဲ အမြဲရှေ့ဆက်တိုးရင်း အောင်မြင်မှုနဲ့နီးကပ်အောင် လျှောက်လှမ်းလိုက်ပါ။ယခုဆောင်းပါးလေးကို အခြားသူတွေပါ ဖတ်ရအောင် SHARE လိုက်ပါဦးနော်။#ဂန္ထဝင်မဂ္ဂဇင်း

ကိုယ်လိုချင်တဲ့အရာကိုရရှိဖို့ ကိုယ့်စိတ်ဓာတ်ကိုယ်ကို လှုံ့ဆော်နည်း။

၁။ ပန်းတိုင်သတ်မှတ်ပါ။

ပန်းတိုင်သတ်မှတ်ပြီးပြီဆိုရင် နည်းလမ်းတွေကို ရှာဖွေပြီး ရောက်အောင်သွားဖို့ ကြိုးစားပါ။ ဘာအကြောင်းကြောင့်မှ ဦးတည်ရာလမ်းကြောင်းပေါ်က မလွဲချော်ပါစေနဲ့။

၂။ အောင်မြင်မှုအတိုင်းအတာကို ကန့်သတ်ပါ။

ကိုယ်ကန့်သတ်ထားတဲ့ အောင်မြင်မှုအတိုင်းအတာမရောက်မချင်း ဇွဲမလျှော့ပါနဲ့။

၃။ ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်ပါ။

အောင်မြင်နေတဲ့သူတွေ၊ အကောင်းမြင်ဝါဒရှိသူတွေ၊ ဘဝရည်မှန်းချက်ရှိသူတွေ၊ ကြိုးစား နေသူတွေနဲ့ ကိုယ့်ကိုယ်ကို ဝန်းရံလိုက်ပါ။ အဆိပ်အတောက်ဖြစ်စေတဲ့သူတွေ၊ အဆိုးမြင်ဝါဒရှိသူ တွေနဲ့ ဝေးဝေးနေလိုက်ပါ။ 

၎။ ကျန်းမာရေးကို ဂရုစိုက်ပါ။

ကောင်းမွန်စွာ နေထိုင်စားသောက်ပါ။ လမ်းများများ လျှောက်ပါ။ အနားယူပါ။ အိပ်ရေးဝဝ အိပ်ပါ။

၅။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။

ဘယ်အခြေအနေပဲရောက်ရောက် ကိုယ့်ကိုယ်ကိုအထင်မသေးပါနဲ့။ လက်ရှိကိုယ်ပိုင် ဆိုင်ထားတဲ့ အောင်မြင်မှုတွေဟာ ကိုယ့်စိတ်ကူးအိပ်မက်သေးသေးလေးတွေကနေ စတင်ခဲ့ရတာကို ဘယ်တော့မှမမေ့ပါနဲ့။

၆။ ကိုယ့်ကိုယ်ကို အားပေးပါ။

မနေ့တုန်းက ပြီးသွားတဲ့အပြစ်တွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ပိုကောင်းတဲ့ မနက်ဖြန်ဖြစ်အောင် ကြိုးစားဖို့သာ ကိုယ့်ကိုယ်ကို အားပေးလိုက်ပါ။

၇။ အမြဲရှေ့ဆက်နေပါ။

လုပ်သင့်တာတွေကို ချက်ခြင်းလုပ်ခြင်းက ကိုယ့်ပန်းတိုင်ဆီ မြန်မြန်ရောက်ရှိစေပါတယ်။ ဒါကြောင့် ရပ်မနေဘဲ အမြဲရှေ့ဆက်တိုးရင်း အောင်မြင်မှုနဲ့နီးကပ်အောင် လျှောက်လှမ်းလိုက်ပါ။

ယခုဆောင်းပါးလေးကို အခြားသူတွေပါ ဖတ်ရအောင် SHARE လိုက်ပါဦးနော်။

#ဂန္ထဝင်မဂ္ဂဇင်း

No comments:

Post a Comment

မင်္ဂလာပါ ရွှင်​လန်းချမ်း​မြေ့ပါ​စေ