💸💸💸"ငွေ''💸💸💸
××××××××××××××××××
💸လောကမှာ လူတွေအဓိကလိုအပ်တာငွေပါ...
ဒီအရာက အတ္တဆန်ချင်ဆန်လိမ့်မယ် ဒါပေမယ့်
တကယ်တမ်းလက်တွေ့မှာ ကျွန်တော်
ကျမတို့တွေနေ့စဉ်
ရုန်းကန်လှုပ်ရှားနေကြရတာ ဒီငွေကြောင့်ပဲမဟုတ်လား...
လူတိုင်းက💸 ငွေကိုရှာတက်ကြပေမယ့်
မသုံးတက်ကြဘူး၊မစုတက်ကြပါဘူး
ဒါကြောင့်လည်း လောကမှာ လူအနည်းစုသာချမ်းသာကြပြီး၊လူအများစုကဆင်းရဲနေကြခြင်းပင်....
တချို့တွေကထင်ကြလိမ့်မယ်💸 ငွေကအရာရာကိုဝယ်နိုင်တယ်ဆိုပေမယ့် မေတ္တာတရားကို ငွေနဲ့ဝယ်လို့မရနိုင်ဘူးဆိုတာ မှန်ပါတယ် ဥပမာ-
သင်နေမကောင်းလို့ ဆေးရုံ၊ဆေးခန်းသွားခဲ့လျှင်
ကျွန်တော်မှာ ငွေတော့မရှိဘူးဒါပေမယ့်မေတ္တာတော့ရှိပါတယ်ဆိုပြီး ဆေးခန်းသွားပြကြည့်လိုက်ပါ
သင်သာသေသွားလိမ့်မယ် ဒီခေတ်မှာ ငွေမရှိရင်ရောဂါဘယ်လောက် ကျွမ်းနေပါစေ ပိုက်ဆံမရှိလို့
အသက်သေဆုံးသွားကြတာတွေမှအများကြီးပါ....
ဒါကြောင့်ငွေဆိုတာ စကားမပြောတက်ဘူး
ဒါပေမယ့် လူတိုင်းကို''ငွေ''နဲ့စကားပြောခိုင်းလို့ရတယ်
သင့်မှာ ပိုက်ဆံရှိတဲ့အချိန် သင့်အနားကို
မခေါ်ပဲလည်းရောက်လာကြလိမ့်မည်။
သင့်မှာ ပိုက်ဆံ မရှိတဲ့အချိန်မနှင်ပဲနဲ့လည်း
ထွက်ခွာသွားကြလိမ့်မည် ဒါဟာ ''ငွေ'' ဆိုတဲ့အရာက
ပြောလိုက်တဲ့စကားလုံးတွေပဲ....
ဘယ်နေရာ၊ဘယ်အခြေနေပဲဖြစ်နေပါစေ
သင့်မှာ''ငွေ'' ပိုက်ဆံမရှိရင် ဘယ်သူကမှ အရေးတယူဆက်ဆံ
ကြမှာမဟုတ်ဘူး။
ဒါကြောင့်''ငွေ''ရှိအောင်ရှာပါ ၊ငွေအတွက်အလုပ်လုပ်ပြီးရင် ငွေကိုပဲပြန်ခိုင်းတက်ပါစေ...
ကိုယ့်ဝင်ငွေက (လစာ)ဘယ်လောက်ရတယ်
ကိုယ့်ရာထူးက ဘယ်အဆင့်
ကိုယ့်လုပ်သက်က ဘယ်လောက်ရှိတယ်ဆိုတာထက်
ကိုယ်လုပ်တဲ့ ၁နှစ်၊၅နှစ်၊၁၀နှစ်စတဲ့နှစ်တွေအတွင်း
ကိုယ်ဘယ်လောက်စုမိပြီလည်းဆိုတာသာ
အဓိကပါပဲ...
တချို့တွေ အလုပ်တွေသာလုပ်တယ် ပိုက်ဆံကမကျန်ဘူး စသဖြင့်ပြောကြတယ် ဒါပေမယ့် သူတို့ရတဲ့ငွေနဲ့
သူတို့အသုံးစရိတ်ကထပ်တူညီနေတဲ့အတွက်
မစုမိကြတာပါ တကယ်တမ်း (ဝင်ငွေ )💸(ထွက်ငွေ)ကို
စနစ်တကျစီမံခန့်ခွဲတက်မည်ဆိုလျှင်
အနှေးနဲ့အမြန်သင်လိုချင်တဲ့ (ဝင်ငွေ)တစ်ခုကိုစုမိမှာပါ....
ကိုယ်သုံးတဲ့အရာတွေမှာလည်းစနစ်တကျရှိဖို့လိုပါတယ်.....
အသုံးစရိတ်ကို လိုတာထက်မပိုပါနဲ့
#လိုချင်တာနဲ့ #လိုအပ်တာကိုခွဲခြားပါ
လူတိုင်းမှာ #လိုအင်ဆန္ဒဆိုတာအတောမသက်နိုင်အောင်ရှိတက်ကြပါတယ် ဒီစိတ်တွေကိုထိန်းပါ
တနေ့ကိုယ်ချမ်းသာချင်ရင် သုံးလိုက်တဲ့ငွေပမာဏ
တိုင်းကိုတန်ဖိုးထားပါ ....
ပိုက်ဆံဆိုတာ တန်ဖိုးသိတဲ့သူတွေဆီမှာပဲမြဲပါတယ်
တန်ဖိုးမသိရင် လက်လွတ်စပါယ်သုံးတက်ကြပါတယ်
ဒါကြောင့် ငွေကကုန်မြန် မစုမိပဲနဂိုအတိုင်းဘဝကို
ဖြတ်သန်းနေကြရတာပါပဲ...
အပေါက်သေးသေးလေးတွေကြောင့်
သင်္ဘောကြီးတစ်စင်းလုံးမြှပ်သွားနိုင်ပါတယ်
ဒီစကားလိုပဲ ကျွန်တော်
ကျမတို့ရဲ့ငွေယိုပေါက်သေးသေးလေးတွေကအစ ထိန်းသိမ်း တက်ဖို့အရေးကြ်ီးပါတယ်....
လောကမှာ ငွေရှိအောင်သာရှာပါ၊
ငွေမရှိရင် သူစိမ်းမပြောနဲ့
ကိုယ့်ဆွေမျိုးတွေကအစ နှိမ်ကြလိမ့်မယ်...
"ငွေ''များတရားနိုင်၊''ငွေ''ကြောင့်အမှန်တရားက
ထိုင်သွားရတာချည်းပါပဲ...
"ငွေ''ဆိုတာ ရှာရတာသာခက်တာ
သုံးလိုက်ရင်ခဏလေးမို့ သုံးလိုက်တဲ့ငွေပမာဏအတိုင်းကိုနည်းသည်ဖြစ်စေ၊များသည်ဖြစ်စေတန်ဖိုးထားတက်ပါစေ....
လေးစားလျှက် ♥♥♥
ကြိုးစားပါအုံးမည် ။
MayHsu_(ရာမညမြေ)
Photo _Kyawtun
No comments:
Post a Comment
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါစေ