Sunday, 16 February 2020

မဂၤလာပါ

<Unicode>
🌹"#မမျှော်လင့်ပါနဲ့"💖💞
ကိုယ့်မေတ္တာကို လက်နှီးစုတ်လို သဘောထားပြီး
အခြားသူမေတ္တာကိုမှ လက်ကိုင်ပုဝါလို သဘောထားသူကို
မမျှော်လင့်ပါနဲ့။

ကိုယ့်ပေးဆပ်မူှတွေကိုတော့ အသုံးချဖို့ပဲ စိတ်ကူးရှိပြီး
ပါးစပ်ချိုချိုလေးနဲ့ တောင်းမှန်းမသိတောင်းနေသူကိုတော့
ကျေးဇူးရှင်တစ်ယောက်လိုသတ်မှတ်ထားသူကို
မမျှော်လင့်ပါနဲ့။

ကိုယ့်ရင်ခွင်ကို တဲစုတ် ထင်ပြီး
အခြားသူရင်ခွင်ကို နန်းတော်ထင်နေတဲ့သူကို
မျှော်လင့်မနေပါနဲ့။

မာနဆိုတဲ့အရာကို တစ်စွန်းတစ်စမှမကျန်အောင်
ချစ်ပြနေတာကို သစ္စာမစောင့်သိဘဲ ကိုယ့်ထက်သာမယ်ထင်လို့
ရင်ခွင်ပြောင်းသွားသူကို မျှော်လင့်မနေပါနဲ့။

ကိုယ်က ကောင်းစေချင်လို့ အမုန်းခံပြီး လမ်းမှန်တည့်မတ်ပေးခဲ့တာကို
သာပေါင်းညာစားနေတဲ့သူကိုမှ အထင်ကြီးတတ်သူကို
ကိုယ့်စေတနာနဲ့ တန်လာမယ်လို့ ဘယ်တော့မှ
မျှော်လင့်မနေပါနဲ့။

ကိုယ့်တန်ဖိုးကို အပွန်းအပဲ့ခံပြီး သူ့တန်ဖိုးမြင့်မားလာအောင်
အတတ်နိုင်ဆုံး မေတ္တာထားခဲ့တာတောင်မှ 
တန်ဖိုးမသိ ကျေးဇူးကန်းတဲ့သူကို မျှော်လင့်မနေပါနဲ့။

လူ့ဘဝဆိုတာ များသောအားဖြင့် ကိုယ့်စိတ်ဓာတ်နဲ့တန်ရာတန်ရာပဲ
ရတတ်ပါတယ်
တစ်ချို့သောအရာတွေက ကိုယ်ကသေလောက်အောင်ပဲ
ဘယ်လိုပဲပေးဆပ်ထားထား ကိုယ့်လက်ထဲရောက်ဖို့ဆိုတာ
အသေအချာ မပြောနိုင်ပါဘူး။

တစ်ခါတလေ 
ကိုယ်ကမြင့်မားနေပြီး ကိုယ်လိုချင်တဲ့အရာက နိမ့်ကျလွန်းနေရင်လည်း
ကိုယ့်လက်ထဲကို လောကကြီးက မပေးတတ်ပြန်ဘူး။

ထိုက်တန်ခြင်းဆိုတာ တစ်ခါတစ်ခါကျတော့
အနိမ့်အမြင့် ၊ အချိန်အခါ ၊ နေရာဒေသ နှင့် စိတ်ဓာတ်အဆင့်အတန်းတွေမူတည်နေတတ်ပြီး မလိုချင်တော့မှ
ရလာတာမျိုးလည်း ရှိနေတတ်ပါတယ်။

ဒါ့ကြောင့် ဘယ်အရာမှ မသေချာတဲ့ လူ့လောကကြီးမှာ
ဘာကိုမှ မျှော်လင့်မထားတာက အကောင်းဆုံးဘဝနေထိုင်နည်းတစ်ခုပါလို့ အကြံပြုပါရစေနော်။ 

လေးစားစွာဖြင့် ♥ ♥ ♥ 
ဇင်းနစ် မကွေး
ℂ𝕣𝕕..

<Zawgyi>
🌹"#မေမ်ွာ္လင့္ပါနဲ႔"💖💞
ကုိယ့္ေမတၱာကုိ လက္ႏွီးစုတ္လုိ သေဘာထားၿပီး
အျခားသူေမတၱာကုိမွ လက္ကုိင္ပုဝါလုိ သေဘာထားသူကုိ
မေမ်ွာ္လင့္ပါနဲ႔။

ကုိယ့္ေပးဆပ္မူွေတြကုိေတာ့ အသုံးခ်ဖုိ႔ပဲ စိတ္ကူး႐ွိၿပီး
ပါးစပ္ခ်ဳိခ်ဳိေလးနဲ႔ ေတာင္းမွန္းမသိေတာင္းေနသူကုိေတာ့
ေက်းဇူး႐ွင္တစ္ေယာက္လုိသတ္မွတ္ထားသူကုိ
မေမ်ွာ္လင့္ပါနဲ႔။

ကုိယ့္ရင္ခြင္ကုိ တဲစုတ္ ထင္ၿပီး
အျခားသူရင္ခြင္ကုိ နန္းေတာ္ထင္ေနတဲ့သူကုိ
ေမ်ွာ္လင့္မေနပါနဲ႔။

မာနဆုိတဲ့အရာကုိ တစ္စြန္းတစ္စမွမက်န္ေအာင္
ခ်စ္ျပေနတာကုိ သစၥာမေစာင့္သိဘဲ ကုိယ့္ထက္သာမယ္ထင္လုိ႔
ရင္ခြင္ေျပာင္းသြားသူကုိ ေမ်ွာ္လင့္မေနပါနဲ႔။

ကုိယ္က ေကာင္းေစခ်င္လုိ႔ အမုန္းခံၿပီး လမ္းမွန္တည့္မတ္ေပးခဲ့တာကုိ
သာေပါင္းညာစားေနတဲ့သူကုိမွ အထင္ႀကီးတတ္သူကုိ
ကုိယ့္ေစတနာနဲ႔ တန္လာမယ္လုိ႔ ဘယ္ေတာ့မွ
ေမ်ွာ္လင့္မေနပါနဲ႔။

ကုိယ့္တန္ဖုိးကုိ အပြန္းအပဲ့ခံၿပီး သူ႔တန္ဖုိးျမင့္မားလာေအာင္
အတတ္ႏူိင္ဆုံး ေမတၱာထားခဲ့တာေတာင္မွ 
တန္ဖုိးမသိ ေက်းဇူးကန္းတဲ့သူကုိ ေမ်ွာ္လင့္မေနပါနဲ႔။

လူ႔ဘဝဆုိတာ မ်ားေသာအားျဖင့္ ကုိယ့္စိတ္ဓာတ္နဲ႔တန္ရာတန္ရာပဲ
ရတတ္ပါတယ္
တစ္ခ်ဳိ့ေသာအရာေတြက ကုိယ္ကေသေလာက္ေအာင္ပဲ
ဘယ္လုိပဲေပးဆပ္ထားထား ကုိယ့္လက္ထဲေရာက္ဖုိ႔ဆုိတာ
အေသအခ်ာ မေျပာႏူိင္ပါဘူး။

တစ္​ခါတေလ 
ကုိယ္ကျမင့္မားေနၿပီး ကုိယ္လုိခ်င္တဲ့အရာက နိမ့္က်လြန္းေနရင္လည္း
ကုိယ့္လက္ထဲကုိ ေလာကႀကီးက မေပးတတ္ျပန္ဘူး။

ထုိက္တန္ျခင္းဆုိတာ တစ္ခါတစ္ခါက်ေတာ့
အနိမ့္အျမင့္ ၊ အခ်ိန္အခါ ၊ ေနရာေဒသ ႏွင့္ စိတ္ဓာတ္အဆင့္အတန္းေတြမူတည္ေနတတ္ၿပီး မလုိခ်င္ေတာ့မွ
ရလာတာမ်ဳိးလည္း ႐ွိေနတတ္ပါတယ္။

ဒါ့ေၾကာင့္ ဘယ္အရာမွ မေသခ်ာတဲ့ လူ႔ေလာကႀကီးမွာ
ဘာကုိမွ ေမ်ွာ္လင့္မထားတာက အေကာင္းဆုံးဘဝေနထုိင္နည္းတစ္ခုပါလုိ႔ အၾကံျပဳပါရေစေနာ္။ 

ေလးစားစြာျဖင့္ ♥ ♥ ♥ 
ဇင္းနစ္ မေကြး
ℂ𝕣𝕕..

No comments:

Post a Comment

မဂၤလာပါ ရႊင္​လန္​းခ်မ္​း​ေျမ့ပါ​ေစ