မျက်စီလည် လမ်းမှားပြီးရောက်လာကြသော ဓမ္မ မိတ်ဆွေ အားလုံး ကျန်းမာ ချမ်းသာ ဘေးရန် ကင်းကွာကြပါစေ 🌷မင်္ဂလာပါ🌷 🌱ရေလို့ အေး၍🌱 🌷 ပန်းလို လန်းဆန်းပါစေ💞 🌱စိတ်သွားတိုင်း ကိုယ်ပါ🌱 🌷လိုရာ ဆန္ဒများလည်း🌷 🌱ပြည့်ဝပါစေ🌱 🌷🌱 🌱🌷
Tuesday, 24 April 2018
Tuesday, 31 October 2017
Thursday, 21 September 2017
ကိုယ့်ကြိုက်တာ ကိုယ်လုပ် မကြိုက်တာ မလုပ်နဲ့ 
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါစေ
"မိန်းမ"တွေကို ဘာသာ သာသနာသုံး
အားဖြင့် "မာတုဂါမ"လို့ ခေါ်ပါ တယ်။
"မိန်းမ"တွေကို ဘာသာ သာသနာသုံး
အားဖြင့် "မာတုဂါမ"လို့ ခေါ်ပါ တယ်။
"မာတု= မိခင် …ဂါမ = လမ်း" ဖြစ်လို့ "မိခင်လမ်းသွားနေသူ"လို့နားလည်ရပါတယ်။
"မိန်းမ"ဟူက အပျိုကြီးတွေသော်မှ
မိခင်စိတ် ပါလာတာချည်း။
မိခင်စိတ် ပါလာတာချည်း။
မိခင်စိတ်ဆိုတာ မေတ္တာဖြင့် ပြုပြင်ပေးခြင်းပဲဖြစ်ပါတယ်။
ကာလသမီးအပျိုလေးပဲ ကြည့်ပါလေ။
သူတို့ရဲ့ချစ်သူကို"အရက်မသောက်ရ
ဆေးလိပ်မသောက်ရ" စသည်
ဆေးလိပ်မသောက်ရ" စသည်
စည်းကမ်းထုတ်ပြန် ပြုပြင်ပေးလေ့ရှိတာ မညားမီကတည်းက မဟုတ်လား။
အဲဒါဟာ "မိခင်စိတ်"နဲ့ ပြုပြင်ပေး
နေတာလို့ မှတ်သားခဲ့ရဖူးပါတယ်။
နေတာလို့ မှတ်သားခဲ့ရဖူးပါတယ်။
မိန်းမတွေရဲ့ အရည်အချင်းကောင်းတွေထဲမှာ
ပြုပြင်နိုင်တဲ့ စွမ်းရည်ဟာလည်း ထူးခြားတဲ့
ဂုဏ်တစ်ခုအဖြစ် ပါဝင်နေပါတယ်။
ပြုပြင်နိုင်တဲ့ စွမ်းရည်ဟာလည်း ထူးခြားတဲ့
ဂုဏ်တစ်ခုအဖြစ် ပါဝင်နေပါတယ်။
ဒီသဘောကို ကျေးဇူးရှင်မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ တရားတော်
တစ်ပုဒ်ထဲက ကောက်နှုတ်ပြချင်ပါတယ်။
တစ်ပုဒ်ထဲက ကောက်နှုတ်ပြချင်ပါတယ်။
ဒီတရားကို၁၉၉၆ မတ်လ (တပေါင်းလ)
လားဟူ လီရှော တိုင်းရင်းသားများရဲ့ "ဗုဒ္ဓဘာသာ ခံယူပွဲကြီး"မှာ ဟောခဲ့ပါတယ်။
လားဟူ လီရှော တိုင်းရင်းသားများရဲ့ "ဗုဒ္ဓဘာသာ ခံယူပွဲကြီး"မှာ ဟောခဲ့ပါတယ်။
တရားဇာတ်ကြောင်းပါ ဇာတ်ဆောင်များက တော့ "လင်မုဆိုးနဲ့ မယားသောတပန်"တဲ့။
လင်နဲ့မယားတို့ရဲ့ ဂုဏ်ရည်က
အဲသလောက် ကွာဝေးပါတယ်။
အဲသလောက် ကွာဝေးပါတယ်။
မုဆိုး ဆိုတာက သားကောင်တွေကို
သတ်ဖြတ်ရောင်းစားလို့ အပါယ်လေးဘုံ
ကို သွားဖို့ သေချာနေသူ။
သတ်ဖြတ်ရောင်းစားလို့ အပါယ်လေးဘုံ
ကို သွားဖို့ သေချာနေသူ။
သောတပန် ဆိုတာကတော့ အပါယ်တံခါးပိတ် လို့ ငါစွဲဒိဋ္ဌိ မရှိတော့ဘဲ ရတနာသုံးပါး၌ ယုံမှားသံသယ လုံးဝ မရှိတော့တဲ့သူ ။
သို့သော် သောတပန်အဆင့်မှာ ကိလေသာ မကုန်သေးတဲ့ အတွက် လင်ယူသားမွေး ပြုကြသေးတယ်။
အဲဒီတော့ မယား သောတပန်ခမျာ လင်မုဆိုး ကြီးနဲ့မှ ကြံကြံဖန်ဖန် ပေါင်းဖက်တွေ့ရတဲ့ အကြောင်းကတော့ "ရှေးရေစက်"လို့ပဲ အလိမ္မာစကား ဆိုရလိမ့်မယ်။
တည့်တည့်ပြောရရင်တော့ ကာမပြစ် ကာမဝဋ် ပေါ့။ တနည်းအားဖြင့်တော့ သံသရာကပါလာတဲ့ အစွဲတဏှာ ကြောင့်ပေပေါ့။
ကြည့်ပါလေ…ဟိုရှေးအတီတေ ကဿပဘုရား ရှင် လက်ထက်တော်က လင်မယား တစ်ဘဝ တော်ဖူးရုံမျှဖြင့် ဒီဘဝမှာ မုဆိုးကြီး လင်တော် ချင်စိတ် ဖြစ်ပေါ်လာလေခြင်း။
နှစ်ပေါင်း အသင်္ချေကာလမှာ ငုပ်နေတဲ့ အစွဲတဏှာက အဲဒီလိုပြန်ပေါ်လာတာနော်။
ဘဝဆက်တိုင်း ညားခဲ့ဖူးသူတွေ ဘယ်လိုနေမယ်မသိ။
သွေးသံနဲ့ရဲရဲ သားကောင်လေးတွေကို ထမ်းပိုးပြီး တောထဲက ပြန်လာတဲ့ မသတီစရာ ဒီမုဆိုးကြီး ကိုမှ ချစ်မိလေတဲ့ သောတပန် မယားအလိမ္မာ ခမျာ…
တစ်နေ့ တစ်နေ့ ဒီမုဆိုးကြီး သူတော်ကောင်း ဖြစ်လာအောင် ပြုပြင်ပေးဖို့သာ ကြံစည်နေ တာပါ။
မုဆိုးကြီးမှာတော့ ဘုရားပွင့်နေတယ် ဆိုတာတောင် မသိပါဘူး။
သတ်ရ ဖြတ်ရ ရောင်းရ ဝယ်ရရင် ပျော်နေတာပါပဲ။ သူက "အန္ဓပုထုဇဉ်"ပဲ။
"အန္ဓပုထုဇဉ် နဲ့ သောတပန်" လင်မယားသာဆိုရ လောကအမြင်ချင်းက နေထွက်ရာအရပ်နဲ့ နေဝင်ရာ အရပ်လောက် ကွာဝေးပါတယ်။
မုဆိုးကြီးက"အပြစ်ရှိ အပြစ်မဲ့"
"အကျိုးရှိ အကျိုးမဲ့" ဘာမှခွဲခြားမသိ။
"အကျိုးရှိ အကျိုးမဲ့" ဘာမှခွဲခြားမသိ။
"သောတပန်"ကတော့ "နိဗ္ဗာန်" ရောက်ကြောင်းအထိ သိနေပြီ။
လင်မယားချင်း အဲဒီလောက်ထိ ခြားနား
ဝေးကွာ လွန်းလှလေရဲ့။
ဝေးကွာ လွန်းလှလေရဲ့။
ဒါပေမဲ့ သောတပန် မယားအလှ
စိတ်မပျက်ဘူး။ ချစ်သူကို ကယ်တင်ရမယ်။
စိတ်မပျက်ဘူး။ ချစ်သူကို ကယ်တင်ရမယ်။
မုဆိုးကြီး စိတ်အေးကြည်သာတဲ့ အချိန်ကောင်း စောင့်ပြီး ဒီလိုတောင်းပန်ရှာသတဲ့။
"ဘုရားထံတော်သွားလို့ ကျွန်မအတွက် တရားတစ်ပုဒ်လောက် နာပေးပါနော်"
"ဟာ….ငါနဲ့မဖြစ်လောက်ဘူး
ထင်ပါရဲ့ကွာ"
ထင်ပါရဲ့ကွာ"
အဲဒီလောက်တော့ မုဆိုးကြီးသိသေးတယ်။ ဒါကြောင့် ငြင်းတယ်။
ဒါပေမဲ့ တစ်ခါကနှစ်ခါ မငြင်းသာတော့ဘဲ မယားအလိုကျ ဘုရားထံသွားတယ်။
မုဆိုးကြီးကျွတ်မှာကို မြင်တော်မူတဲ့
ဘုရားရှင်က စင်္ကြလျှောက်ရင်း အသင့် စောင့်လင့်တော်မူတယ်။
ဘုရားရှင်က စင်္ကြလျှောက်ရင်း အသင့် စောင့်လင့်တော်မူတယ်။
မုဆိုးကြီးရဲ့စရိုက်ကို မုဆိုးကြီး
လျှောက်ထားပုံ စကားအားဖြင့် …
လျှောက်ထားပုံ စကားအားဖြင့် …
"ဆရာတော်ဘုရားကြီး" သရုပ်ဖော်လိုက်ပုံဟာ အင်မတန် ပီပြင်လွန်းလှပါတယ်။
"တပည့်တော် မအားဘူး။ အလုပ်တစ်ဖက်ကြား က အရှင်ဘုရားဆီ လာရတာ။ တရားတိုတိုပဲ ဟောပါ ဘုရား"
"ဒါယိကာ…သင်ကြိုက်တာ သင်လုပ်
သင်မကြိုက်တာ သင်မလုပ်နဲ့"
သင်မကြိုက်တာ သင်မလုပ်နဲ့"
ဘုရားက အဲသလို မိန့်ကြားလိုက်ပါတယ်။
"တပည့်တော် တရားနာချင်တယ် ဘုရား"
"ငါ ဟောပြီးပြီ" ဟယ်…. မုဆိုးကြီး
အလွန်ဝမ်းသာ သွားတော့တယ်။
အလွန်ဝမ်းသာ သွားတော့တယ်။
သူထင်တာ သူ့ကိုကြိမ်းမောင်းမယ်။
အပြစ်တင်မယ် ထင်နေတာ။
အပြစ်တင်မယ် ထင်နေတာ။
အခုတော့ အပြစ်မတင် မကြိမ်းမောင်းတဲ့အပြင် "ကိုယ်ကြိုက်တာ ကိုယ်လုပ် "ဆိုတော့ ဝမ်းမသာဘဲ ရှိပါ့မလား။
တစ်ခါ သူထင်ထားတာက "အကုသလော ဓမ္မော" အစရှိတဲ့ အသိုင်းကြီး အ၀ိုင်းကြီး
တွေနဲ့ ဟောမယ်ထင်ခဲ့တာ။
တွေနဲ့ ဟောမယ်ထင်ခဲ့တာ။
" ခုတော့ ကြည့်စမ်း။ စကားလုံးလေး နှစ်လုံး။
ငါ ဦးကုန်းချတာလောက်တောင်မှ မကြာပါလား" တဲ့။
ငါ ဦးကုန်းချတာလောက်တောင်မှ မကြာပါလား" တဲ့။
မယားဆီ အားရဝမ်းသာပြေးလွှားရင်း
နင်တို့ဘုရားက …
"သင်ကြိုက်တာ သင်လုပ် သင်မကြိုက်တာ
သင် မလုပ်နဲ့" လို့ပဲ ပြောလိုက်တယ်။
"သင်ကြိုက်တာ သင်လုပ် သင်မကြိုက်တာ
သင် မလုပ်နဲ့" လို့ပဲ ပြောလိုက်တယ်။
ငါ့ကို မဆူဘူး။မကြိမ်းဘူး " လို့
ခြံဝက အော်ဟစ် ပြောဆိုတယ်။
ခြံဝက အော်ဟစ် ပြောဆိုတယ်။
မယားအလိမ္မာက သောတပန်ပီပီ သိလိုက်ရပြီ။ သူသိလိုက်ရတဲ့ တရား အဓိပ္ပါယ်ကို အကောင်အထည်ဖော်ဖို့
မယားအလိမ္မာလေး ပြုလိုက်ပုံက
မုဆိုးကြီးကို အံ့သြတုန်လှုပ်သွားစေခဲ့တယ်။
မုဆိုးကြီးကို အံ့သြတုန်လှုပ်သွားစေခဲ့တယ်။
သူ့မယားက သူ့ရဲ့ လေးနဲ့မြားကို အသင့် ကောက်တင်ပြီး သူ့ကို ပစ်ခတ်မယ်လို့
ရင်ဝဆီ ချိန်ရွယ်ထားပါရောလား။
ရင်ဝဆီ ချိန်ရွယ်ထားပါရောလား။
ဧကန္တ နောက်တစ်ယောက်နဲ့များ
သူ့မယား လင်ငယ်တွေ့လေသလား
ထင်မှားကာ ဇဝေဇ၀ါကြီးနဲ့ ရှေ့တိုးအလာ…
သူ့မယား လင်ငယ်တွေ့လေသလား
ထင်မှားကာ ဇဝေဇ၀ါကြီးနဲ့ ရှေ့တိုးအလာ…
"ရှေ့မတိုးခဲ့နဲ့။ အရှင့်ကို သတ်ရလိမ့်မယ်" မယားရဲ့ မာကြောလှတဲ့အသံ။
"ရှင်မ နောက်တစ်ယောက် တွေ့လို့များ
ဒီလို မဟုတ်လိုက်လေ။ ရော် ရှင်မပဲ ဘုရားဆီသွား တရားနာဆို…"
ဒီလို မဟုတ်လိုက်လေ။ ရော် ရှင်မပဲ ဘုရားဆီသွား တရားနာဆို…"
"ဟုတ်ပြီ။ ဒီလေးနဲ့ မြားအကြောင်း
ရှင် ဘယ်လောက်ထိ သိသလဲ"
ရှင် ဘယ်လောက်ထိ သိသလဲ"
"ငါ့ လက်နက်အကြောင်း ငါ ကောင်းကောင်း သိတာပေါ့။ ဒီအဆိပ်လူးမြားက သားကောင် တောင် ထွင်းဖောက်သွားစရာမလိုဘဲ ထိရုံနဲ့ အဆိပ်သင့်ပြီး သေစေနိုင်တယ် "
"ဒါဖြင့် အဆိပ်လူးမြားနဲ့ အရှင့်ကို ပစ်ခတ် သတ်ဖြတ်မယ်ဆို အရှင်ကြိုက်သလား။ မကြိုက်ဘူးလား"
"ကိုယ်ချင်းမစာ ပြောရက်လေခြင်း ကွာ။
ငါသေရမှာ ငါဘယ်ကြိုက်ပါ့မလဲ"
ငါသေရမှာ ငါဘယ်ကြိုက်ပါ့မလဲ"
အဲဒါ ဘုရားပြောတဲ့ …
"သင်ကြိုက်တာ သင်လုပ် သင်မကြိုက်တာ သင်မလုပ်နဲ့" ဆိုတဲ့ စကားပဲ။
“ဟေ…ဟင်…..ဟုတ်ပေသားပဲ”
မယားစကားအဆုံးမှာပဲ မုဆိုးကြီး
သောတာပန် တည်သွားလေရဲ့တဲ့။
သောတာပန် တည်သွားလေရဲ့တဲ့။
“စကားနောက် တရားပါတယ်”ဆိုတာ
အဲဒါပါပဲ။
အဲဒါပါပဲ။
“အနာထပိဏ်”စတဲ့ ဗုဒ္ဓ၀င်မှာ အထင်ကရ
ပုဂ္ဂိုလ်ကျော်များဟာ ဘုရားနဲ့တွေ့ပြီး ဘုရားရှင်ရဲ့
တရားတော်နာကြားပြီး သောတပန် တည်ကြပါ တယ်။
ပုဂ္ဂိုလ်ကျော်များဟာ ဘုရားနဲ့တွေ့ပြီး ဘုရားရှင်ရဲ့
တရားတော်နာကြားပြီး သောတပန် တည်ကြပါ တယ်။
ဒီမုဆိုးကြီးကတော့ မယားစကားနာကြားပြီး သောတပန် တည်သွားတဲ့ ထူးခြားတဲ့ ဇာတ်ဆောင်ကြီးပါ။
မိန်းမတို့ရဲ့ ပြုပြင်နိုင်စွမ်းရည်ကလည်း အံ့ဖွယ်ပါပေ။
ဆရာတော်ဘုရားကြီးဟာ တရားနာပရိတ်သတ် ထဲက မုဆိုးအလုပ်နဲ့ အသက်မွေးနေတဲ့ အချို့ သောသူများကို ချိန်ပြီး ဒီတရားကို လှလှပပ ဟောသွားခဲ့ပုံရပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ စေတနာက
ဗုဒ္ဓဘာသာရဲ့ အခြေခံကောင်းဖြစ်တဲ့
ဗုဒ္ဓဘာသာရဲ့ အခြေခံကောင်းဖြစ်တဲ့
“ ကိုယ်ချင်းစာတရား”ကို
ပိုင်ပိုင်နိုင်နိုင်ကြီး ရစေချင်တာပါ။
ပိုင်ပိုင်နိုင်နိုင်ကြီး ရစေချင်တာပါ။
"ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတာ
ကိုယ်မကြိုက်တာ …
သူ့အသက်သတ်ခြင်း ညှဉ်းဆဲခြင်း သူ့ဥစ္စာ ခိုးယူခြင်း သူ့လင်သူ့မယား ကျူးလွန်စော်ကား ပြစ်မှားခြင်း လိမ်ညာပြောဆိုခြင်း သေရည်
အရက် မူးယစ်ပစ္စည်း သုံးစွဲခြင်း။
အရက် မူးယစ်ပစ္စည်း သုံးစွဲခြင်း။
ကိုယ်ကြိုက်တာ…
သူ့ အသက်မသတ်ခြင်း အသက်ကယ်ခြင်း သူ့ဥစ္စာမခိုးဝှက်ခြင်း ပေးကမ်းကူညီခြင်း မလိမ်မညာ အမှန်ကိုသာပြောဆိုခြင်း
သေရည်အရက် မူးယစ်ဆေးဝါး ရှောင်ကြဉ်ခြင်း။
သေရည်အရက် မူးယစ်ဆေးဝါး ရှောင်ကြဉ်ခြင်း။
ဒါကြောင့် …
“ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတာ
“ငါးပါးသီလစောင့်ထိန်းပါ” လို့ ဟောလိုရင်း ဖြစ်ပါတယ်။
“ငါးပါးသီလစောင့်ထိန်းပါ” လို့ ဟောလိုရင်း ဖြစ်ပါတယ်။
ငါးပါးသီလဆိုတာ ကမ္ဘာလောက သာယာ
ငြိမ်းချမ်းဖို့ အခြေခံစည်းမျဉ်း ဥပဒေလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းဖို့ အခြေခံစည်းမျဉ်း ဥပဒေလည်း ဖြစ်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဒီတရားနာခဲ့ကြတဲ့ ထောင်သောင်း ချီတဲ့ သူများဟာ ငါးပါးသီလဆောက်တည် ပြီးသားလည်း ဖြစ်သွားတော့တယ်။
ကြမ်းပေ့ ရမ်းပေ့ဆိုတဲ့ မုဆိုးကြီးကို အပါယ် ဆင်းရဲက လွတ်မြောက်အောင် ကယ်တင်ပြီး
သောတပန် တည်စေခဲ့တဲ့ “မယားသောတပန်”
ရဲ့ ပြုပြင်နိုင်စွမ်းဟာလည်း ပြောစမတ် တွင်ကျန်ခဲ့ပါတယ်။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏ "ကိုယ်ကြိုက်တာ ကိုယ်လုပ်”တရားဒေသနာ
တော်မှ-
ရဲ့ ပြုပြင်နိုင်စွမ်းဟာလည်း ပြောစမတ် တွင်ကျန်ခဲ့ပါတယ်။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏ "ကိုယ်ကြိုက်တာ ကိုယ်လုပ်”တရားဒေသနာ
တော်မှ-
မင်္ဂလာပါ
Wednesday, 20 September 2017
တရားဂုဏ်တော် ခြောက်ပါး
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါစေ
တရားဂုဏ်တော်ခြောက်ပါး
၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော…
၂။ သန္ဒိဋ္ဌိကော…
၃။ အကာလိကော…
၎။ ဧဟိပဿိကော…
၅။ သြပနေယျိကော…
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ…
၂။ သန္ဒိဋ္ဌိကော…
၃။ အကာလိကော…
၎။ ဧဟိပဿိကော…
၅။ သြပနေယျိကော…
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ…
၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော
ကောင်းမွန်စွာ ဟောတော်မူအပ်သော ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင်၏ တရားတော်များသည် ကြားနားရခြင်းတည်းဟူဟော အစ၏ကောင်းခြင်း၊ ကျင့်ကြံ အားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ရခြင်းတည်းဟူသော အဆုံး၏ကောင်းခြင်းများနှင့် ပြည့်စုံတော်မူပါသည်။

၂။ သန္ဒိဋ္ဌိကော
ကိုယ်တိုင် သိမြင်နိုင်တော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ဟောတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်နိုင်ပါသည်။
ကိုယ်တိုင် သိမြင်နိုင်တော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ဟောတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်နိုင်ပါသည်။
၃။ အကာလိကော
အချိန်ဆွဲမနေဘဲ ချက်ချင်း အကျိုးပေးနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။
လောကီ ကုသိုလ် ကံများကဲ့သို့ (၅) ရက်၊ (၇) ရက်၊ တစ်ဘ၀၊ နှစ်ဘ၀ အချိန်ဆွဲမနေဘဲ ပုဂ္ဂိုလ်တစ်ဦး သန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်း အားထုတ်၍ မဂ်ကုသိုလ် စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးကိုပေးနိုင်သော ဂုဏ်ထူးရှိသည်ဟုဆိုလိုပါသည်။

၎။ ဧဟိပဿိကော
မြတ်စွာဘုရားရှင် တရားတော်များသည် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လာပါ၊ ကိုယ်တိုင် သိရအောင် ကျင့်ကြံစမ်းပါ” ဟု အဓိပ္ပာယ်ရပါသည်။
မြတ်စွာဘုရားရှင် တရားတော်များသည် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လာပါ၊ ကိုယ်တိုင် သိရအောင် ကျင့်ကြံစမ်းပါ” ဟု အဓိပ္ပာယ်ရပါသည်။
၅။ သြပနေယျိကော
မိမိ စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းပြီး မဂ်၊ ဖိုလ် တရားများကို အားထုတ်ထိုက်သည်ဟု အဓိပ္ပာယ်ရပါသည်။
မိမိ စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းပြီး မဂ်၊ ဖိုလ် တရားများကို အားထုတ်ထိုက်သည်ဟု အဓိပ္ပာယ်ရပါသည်။
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ
သစ္စာတရားကို သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော ပညာရှိ သူတော်ကောင်းကြီးတို့သည်သာ အလိုရှိတိုင်း ကိုယ်စီ ကိုယ်င သိအပ် ခံစားအပ် သည်ဟု အဓိပ္ပာယ်ရပါသည်။
သစ္စာတရားကို သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော ပညာရှိ သူတော်ကောင်းကြီးတို့သည်သာ အလိုရှိတိုင်း ကိုယ်စီ ကိုယ်င သိအပ် ခံစားအပ် သည်ဟု အဓိပ္ပာယ်ရပါသည်။
Saturday, 19 August 2017
Sunday, 13 August 2017
သင့်ဘဝပျော်ရွှင်ပါစေ
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါဆရာတော်ဘုရားများ
ဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံး .....
မင်္ဂလာပါ
⛅☀⛅☀⛅☀⛅☀⛅⛅☀⛅☀⛅☀
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏
၁။ ဒိဝါတပတိ အာဒိစ္စော
ရတ္တိမာ ဘာတိစန္ဒိမာ။
၂။ သန္နဒ္ဒေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြဟ္မာဏော။
၃။ အထ သဗ္ဗမဟောရတ္တိ
ဗုဒ္ဓေါတပတိ တေဇသာ။
၎။ ဧတေန သစ္စဝဇ္ဇေန
သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ ပါဘုရား (၃ )ကြိမ်။
👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏
အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကွာ စိတ်ချမ်း သာ၍ ကိုယ်ပါခန်ကျန်း လွန်ရွှင်လန်းလျှက် ချမ်း မြေ့သာချို မိမိကိုယ်ကို အသက်ရှည်အောင် ရွက် ဆောင်နိုင်ကြပါစေ။
🌿🌂🌿☔🌿🌂🌿☔🌿🌂🌿☔🌿🌂🌿
အထက်အရပ်မှာ .....များသတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲကြပါစေ ။
အန္တရာယ်ကင်း ....ဘေးတွေရှင်း
လက်ငင်းချမ်းသာကြပါစေ။
အောက်အရပ်မှာ .....များသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ ။
အန္တရာယ်ကင်း ဘေးတွေရှင်း
လက်ငင်းချမ်းသာ ကြပါစေ။
အနန္တစကြဝဠာ .....များသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ။
အန္တရာယ်ကင်း ဘေးတွေရှင်း
လက်ငင်းချမ်းသာကြပါစေ။
နံနက်မိုးသောက် အလင်းရောက် .....
ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေ
အရပ်ဆယ်မျက်နှာနေ ....အားလုံးသတ္တဝါတွေ
အ ဝေရာဟောန္တု ......ဘေးရန်ကင်းကြပါစေ
အ ဗျာပဇ္ဇာဟောန္တု .....စိတ်ဆင်းရဲကင်းကြပါစေ
အ နီဃာဟောန္တု .....ကိုယ်ဆင်းရဲကင်းကြပါစေ
သုခိအတ္တာတံ ပရိဟရန္တု .....မိမိတို့ ခန္ဓာဝန်ကို ချမ်းချမ်းသာသာ ထမ်းဆောင်နိုင်ကြပါစေ .
(◕‿◕✿)(◕‿◕✿)(◕‿◕✿)(◕‿◕✿)
☆စိတ်ညစ်လာတဲ့အခါ ......
ညစ်နေတဲ့ စိတ်တွေကို ...
. အမြန်ရှင်းထုတ်လိုက်ပါ။
☆စိတ်ဓာတ်ကျတဲ့အခါ .....
ကျသွားတဲ့ စိတ်ဓာတ်ကို .....
အမြန်ပြန်ကောက်ပါ။
☆ဝေဖန်တဲ့အခါ .....
အလုပ်နဲ့ သက်သေပြပြီး .....
ဝေဖန်မှု့တွေကို ရပ်တန့် ပစ်လိုက်ပါ။
☆ဝမ်းနည်းလာတဲ့အခါ .....
ပျော်စရာတွေကို ရှာတွေ့အောင် ကျိုးစားပါ ။
Saturday, 12 August 2017
အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော မိန်းမ များ
အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော မိန်းမများ
1. ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ.....
2. အင်္ဂျာီလယ်ဟိုက် sexy ကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွ လုပ်တက်သော မိန်းမ......
3. ဘောင်းဘီချက်ပျုတ် စတိုင်လ်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင် ဝတ်ထားသော မိန်းမ.....
4. အင်္ဂျာီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကို ပြချင်သော မိန်းမ....
5. စကတ်တိုလက်တအုပ် အရှက်ထုတ် မလုံ့ တလုံပေါ်အောင် ဝတ်တက်သော မိန်းမ....
6. ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာ Tattooe ထိုးထားသော မိန်းမ....
7. နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင် လှုပ်ချင် (DANCE) တဲ့ မိန်းမ....
8. ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကို ကားထိုင်သော မိန်းမ....
9. ယောက်ျားတွေ့မြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတတ်သော မိန်းမ....
10. မျက်နှာတစ်ပြင်လုံး ရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေ တက်ထားသော မိန်းမ....
11. သွားမှာ စိန်မြှုပ် ရယ်စရာမဟုတ် ရယ်စရာလုပ် အီတဖြဲဖြဲ ရယ်ပြနေသော မိန်းမ....
12. လူစုံလျင် ဂျင်းသုပ် သုပ် အတင်းတလှုပ်လှုပ်ပြောတက်သော မိန်းမ....
13. အလုပ်နားရက် ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သော မိန်းမ....
14. ဝင်ငွေရရေး လက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသော မိန်းမ....
15. လမ်းသွားလျင် မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသော မိန်းမ.....
16. အပြောပက်စက် လက်ကသွက် တို့ ဆိတ် လိမ်ဆွဲ အီပြောတက်သော မိန်းမ...
17. အချစ်ကိုရောင်း ပိုက်ဆံတောင်း လိုချင်တာကို ချူယူတက်သော မိန်းမ....
18. အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက် ဝတ်စားတက်သော မိန်းမ....
19. အတုနဲ့အစစ် ရောလို့ဝတ် လူမြင်တိုင်း အမိအရကြွားတက်သော မိန်းမ...
20. ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသော မိန်းမ....
21. နိုင်ငံခြားပြန်အခွံသာကျန် အပျိုရည်ပျက်နေသော မိန်းမ...
22. ရည်းစားရှိလည်း နံ့ကြောဆွဲ ကိုယ့်ထက်သာလျင် မျက်စောင်းတစ်ချက် ထိုးပစ်လိုက်သော မိန်းမ....
23. ရင်ဖုံးအင်္ဂျာီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကားအမှန်တွေနဲ့ ပါ ပါသွားတတ်တဲ့ မိန်းမ...
24. အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသော မိန်းမ...
25. ကိုယ့်ထက်သာလျင် အပြစ်မြင် မနာလိုစိတ်ထားရှိသော မိန်းမ....
26. Rapper ဆိုရင် အသေကြိုက် အဖေရိုက်လည်း ရိုက်ပစေဆိုတဲ့ ဆက်စလူးစိန် မိန်းမ....
27. အလုပ်ပြီးလျင် Net ဆိုင်ဝင် လူတကာနဲ့ အရသာခံ Q Q လုပ်တက်သော မိန်းမ....
28. အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသော မိန်းမ.....
29. ကိုးရီးယားဆို အထင်ကြီး ငရုပ်သီးစပ်ရင်တောင် အူပါးလို့ အော်တက်တဲ့ မိန်းမ....
30. ညအိပ်ရာဝင် ရေမချိုးချင် ညစ်ပတ်နံစော်နေသော မိန်းမ......
မကောင်းသော အမူအကျင့်များကို ရှောင်ရှားပြီး အကျင့်ကောင်းများကို ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်ပါသည်။

Friday, 11 August 2017
ဘဝဆိုတဲ့ လက်ဆောင် ကောင်း
ဘဝဆိုတဲ့ လက်ဆောင်ကောင်း ..."
ရှုထောင့်တွေ ပြောင်းသွားတဲ့အခါ မြင်ကွင်းတွေလည်း ပြောင်းသွားတာကို လက်ခံတယ်မဟုတ်လာ့း့ ?
အခြေအနေတွေပြောင်းလဲသွားတဲ့အခါ လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေ ဟာလည်းပြောင်းလဲသွားတတ်ပါတယ်။
ဒီတော့ သင်ဟာ ဘယ်လိုဆိုးရွားတဲ့ ထိခိုက်ကြေကွဲဖွယ် အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေပါစေ။
အောက်ပါ သတိရဖွယ်အချက်လေးတွေကိုသာ သတိရလိုက်စမ်းပါ။
၁။ဒီနေ့ကစပြီး သင့်ပါးစပ်က အကြင်နာကင်းတဲ့ စကားမျိုး ပြောတော့မယ်ကြံရင့့် 
့ လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ဘဲ ဆွံ့အနေကြတယ်ဆိုတာ
သတိရလိုက်စမ်းပါ့ ။
့ လူတစ်ချို့ဟာ သင့်လိုစကားမပြောနိုင်ဘဲ ဆွံ့အနေကြတယ်ဆိုတာ
သတိရလိုက်စမ်းပါ့ ။
့၂။ ဒီနေ့ကစပြီး သင်စားမယ့် အစားအစာရဲ့ အရသာကိုခံတွင်းမတွေ့လို့ အပြစ်တင်တော့မယ်ဆိုရင့့် 
့ စားစရာမရှိတဲ့လူတစ်ချို့ကို သတိရလိုက်စမ်းပါ့ ။
့ စားစရာမရှိတဲ့လူတစ်ချို့ကို သတိရလိုက်စမ်းပါ့ ။
၃။ ဒီနေ့ကစပြီး သင့်ရဲ့ ချစ်ရည်းစားလေးကို စိတ်အလိုမကျ အပြစ်တော်တင်တော့မယ်ကြံရင့့် ရည်းစားမရှိလို့ အထီးရောအမရောကျန်နေတဲ့သူတွေကို သတိရလိုက်စမ်းပါဦ့း့ ။
၎။ သင့်ရဲ့ကလေးတွေကို ဆူပူမောင်းမဲတော့မယ်ဆိုရင်လည့်း 
့ အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိုင်တဲ့ မိဘတွေကိုသတိရလိုက်စမ်းပါ့ ။
့ အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိုင်တဲ့ မိဘတွေကိုသတိရလိုက်စမ်းပါ့ ။
၅။ အိမ်မှာ တစ်ယောက်ယောက်ကဖွထားလို့  သန့်ရှင်းရေးမလုပ်လို သင့်အိမ်ကိုကြည့်ပြီးစိတ်တွေရှုပ်လာတဲ့အခါ့  ။့ နေစရာမရှိလို့ လမ်းဘေးအိပ်နေရသူတွေကို သတိရလိုက်ပါဦ့း့ ။
၆။စိတ်တိုင်းမကျလှတဲ့ကိုယ့်ဘဝကြီးကိုအပြစ်တင်တော့မယ် ဆိုရင်လည့်း့ 
ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့သူတွေကို သတိရလိုက်ပါ့  ။
ကိုယ့်ထက်စောပြီး ရေဝေးရောက်ကုန်တဲ့သူတွေကို သတိရလိုက်ပါ့  ။
့၇။သင်ကားဖြင်မောင်းသွားရမယ့်ခရီးဟာ ဝေးလွန်းလို့ စိတ်ပျက်ငြီးညူတော့မယ်ဆိုရင့့် 
ဒီခရီးကိုပဲခြေလျှင်သွားနေကြသူတွေကိုသတိရလိုက်ပါ့ ။
ဒီခရီးကိုပဲခြေလျှင်သွားနေကြသူတွေကိုသတိရလိုက်ပါ့ ။
၈။ လက်ရှိသင့်ရဲ့အလုပ်ဟာ ပင်ပန်းပြီးအဆင်မပြေမှုတွေများလို့ စိတ်ပျက်မယ်ဆိုရင့့် 
အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို ငမ်းငမ်းတက်လုပ်ချင်နေသူတွေကို သတိရလိုက်စမ်းပါ့ ။
အလုပ်အကိုင်မရှိလို့ သင့်အလုပ်မျိုးကို ငမ်းငမ်းတက်လုပ်ချင်နေသူတွေကို သတိရလိုက်စမ်းပါ့ ။
၉။ သင်ဟာသူတစ်ပါးကို လက်ညှိုးထိုး အပြစ်ရှာတော့မယ်ကြံရင်လည့်း 
့ တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ သတိရလိုက်ပါ့ ။
့ တို့တွေအားလုံး အမှားနဲ့မကင်းနိုင်ဘူးဆိုတာ သတိရလိုက်ပါ့ ။
၁၀။ ကဲနောက်ဆုံး စိတ်ဓာတ်ကျစရာ အတွေးတွေက သင့်ကိုကျရှုံးအောင်လုပ်တော့မယ်ဆိုရင့့် 
့သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့် အမြန်ဖန်ဆင်းလိုက်စမ်းပါ့  ။
့သင့်မျက်နှာပေါ်မှ အပြုံးလေးတစ်ပွင့် အမြန်ဖန်ဆင်းလိုက်စမ်းပါ့  ။
ခုချိန်အထိ အသက်ရှင်နေထိုင်ခွင့်ပေးထားတဲ့ သင့်ကံကြမ္မာကို ကျေးဇူးတင်လိုက်စမ်းပါ့ (ဒီလိုဆိုတော့လည်း ကိုယ့်ဘဝက ထင်သလောက်မဆိုးဘူးပဲ နော့ )
•LIFE IS A GIFT.•ဘဝဆိုတာလက်ဆောင်ကောင်းတစ်ခုပါပဲ့ ဘဝမှာနေလိုက်စမ်းပါ။
့ပျော်လိုက်စမ်းပါ့  ။
့ အောင်မြင်မှုတွေကျော်ကြားမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ဘဝကိုအကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ့ ။
့ပျော်လိုက်စမ်းပါ့  ။
့ အောင်မြင်မှုတွေကျော်ကြားမှုတွေ ပျော်ရွှင်မှုတွေ နဲ့ ဘဝကိုအကောင်းဆုံး ဖြည့်ဆည်းလိုက်စမ်းပါ့ ။
ကဲ သင်စိတ်ချမ်းမြေ့ရပြီဆိုရင့့် 
သင့်ရဲ့ သယ်ရင်းတွေ အတွက်လည်း မမေ့နဲ့ဦ့း့ စိတ်ချမ်းသာစေချင်လွန်းလို့ပါ့ ။
သင့်ရဲ့ သယ်ရင်းတွေ အတွက်လည်း မမေ့နဲ့ဦ့း့ စိတ်ချမ်းသာစေချင်လွန်းလို့ပါ့ ။
အဖေအမေ စိတ်ညစ်အောင်မလုပ် မိပါစေနဲ့
ယနေ့ သင်သည်
မလုပ်သင့်တာကို လုပ်တော့မယ်ဆိုရင်
မကျုးလွန်သင့်တာ လွန်ကျုးတော့မယ်ဆိုရင်
သင့်ရဲ့ အဖေနဲ့အမေကို အရင်ဆုံးသတိရပေးပါ
သားသမီးမကောင်းတော့ မိဖခေါင်းမို့ပါ
အမှားလုပ်ခဲ့မိတာက သင့်အတွက်
အရှက်ရစေသလို နောင်တရစေမှာပါ
ဒါပေမယ့်
လူတကာရဲ့ အပြစ်ပြောခံရမှာက
သင့်ရဲ့ အဖေနဲ့အမေဟာ ထိပ်ဆုံးကပါ
ဒါကြောင့်-
သင့်ကြောင့်လည်း
အဖေနဲ့အမေ စိတ်မဆင်းရဲစေပါနဲ့
သင့်အတွက်နဲ့လည်း
အဖေနဲ့အမေ စိတ်ညစ်မှုတွေ မဖြစ်ပါစေနဲ့
Sunday, 16 July 2017
မြန်မာ မြန်မာ တို့မြန်မာ
ဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံး .....
မင်္ဂလာပါ
⛅☀⛅☀⛅☀⛅☀⛅⛅☀⛅☀⛅☀
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏
၁။ ဒိဝါတပတိ အာဒိစ္စော
ရတ္တိမာ ဘာတိစန္ဒိမာ။
၂။ သန္နဒ္ဒေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြဟ္မာဏော။
၃။ အထ သဗ္ဗမဟောရတ္တိ
ဗုဒ္ဓေါတပတိ တေဇသာ။
၎။ ဧတေန သစ္စဝဇ္ဇေန
သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ ပါဘုရား (၃ )ကြိမ်။
👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏
အားလုံးသတ္တဝါတွေ ဘေးရန်ကင်းကွာ စိတ်ချမ်း သာ၍ ကိုယ်ပါခန်ကျန်း လွန်ရွှင်လန်းလျှက် ချမ်း မြေ့သာချို မိမိကိုယ်ကို အသက်ရှည်အောင် ရွက် ဆောင်နိုင်ကြပါစေ။
🌿🌂🌿☔🌿🌂🌿☔🌿🌂🌿☔🌿🌂🌿
အထက်အရပ်မှာ .....များသတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲကြပါစေ ။
အန္တရာယ်ကင်း ....ဘေးတွေရှင်း
လက်ငင်းချမ်းသာကြပါစေ။
အောက်အရပ်မှာ .....များသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ ။
အန္တရာယ်ကင်း ဘေးတွေရှင်း
လက်ငင်းချမ်းသာ ကြပါစေ။
အနန္တစကြဝဠာ .....များသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲကြပါစေ။
အန္တရာယ်ကင်း ဘေးတွေရှင်း
လက်ငင်းချမ်းသာကြပါစေ။
နံနက်မိုးသောက် အလင်းရောက် .....
ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေ
အရပ်ဆယ်မျက်နှာနေ ....အားလုံးသတ္တဝါတွေ
အ ဝေရာဟောန္တု ......ဘေးရန်ကင်းကြပါစေ
အ ဗျာပဇ္ဇာဟောန္တု .....စိတ်ဆင်းရဲကင်းကြပါစေ
အ နီဃာဟောန္တု .....ကိုယ်ဆင်းရဲကင်းကြပါစေ
သုခိအတ္တာတံ ပရိဟရန္တု .....မိမိတို့ ခန္ဓာဝန်ကို ချမ်းချမ်းသာသာ ထမ်းဆောင်နိုင်ကြပါစေ .
(◕‿◕✿)(◕‿◕✿)(◕‿◕✿)(◕‿◕✿)
☆စိတ်ညစ်လာတဲ့အခါ ......
ညစ်နေတဲ့ စိတ်တွေကို ...
. အမြန်ရှင်းထုတ်လိုက်ပါ။
☆စိတ်ဓာတ်ကျတဲ့အခါ .....
ကျသွားတဲ့ စိတ်ဓာတ်ကို .....
အမြန်ပြန်ကောက်ပါ။
☆ဝေဖန်တဲ့အခါ .....
အလုပ်နဲ့ သက်သေပြပြီး .....
ဝေဖန်မှု့တွေကို ရပ်တန့် ပစ်လိုက်ပါ။
☆ဝမ်းနည်းလာတဲ့အခါ .....
ပျော်စရာတွေကို ရှာတွေ့အောင် ကျိုးစားပါ ။
👉👉👉သင့် ..ဘဝ ..သာယာ ..ပါစေ 👈👈👈
Tuesday, 20 June 2017
ဝဠ်ကြွေး ကျေပါစေ
ဝဋ်ကြွေးဟူသမျှဒီဘဝဒီမျှသာ
____________________________
ကိုယ်ထိလက်ရောက်နာကျင်အောင်တော့ လုပ်မသွားပါဘူး ။
ဒါပေမဲ့ အပြင်ဒဏ်ရာထက် ပိုနာကျင်စေပါတယ် ။
စကားလုံးတွေနဲ့  ထိုးနှက်သွားကြတယ် ။
ကိုယ့်စိတ်ထဲကတော့နင့်နေအောင် ခံစားလိုက်ရတာပေါ့ ။
အနိုင်ရသွားလို့  စိတ်ပျော်ရွှင်သွားကြပြီလား ကျေနပ်ပါတယ် ။
ဝဋ်ကြွေးသာကျေပါရစေ ဒီဆုတောင်းလေးပဲ ယူလိုက်ပါတယ် ။
တစ်ဘဝထဲ မပြီးဆုံးနိုင်တဲ့ သံသရာဝဋ်ဆင်းရဲထဲမှာ ဆုံလာ
ရတဲ့ သူတိုင်းဟာ အတိတ်က ရေစက်ရှိလို့  ကြုံရတယ် ဆုံရ
တာပါ ။ အနိုင်ယူသွားသူတွေဟာလည်း အတိတ်ဘဝက
ပေးဆပ်စရာရှိတဲ့အကြွေးပေးဆပ်လိုက်ရတယ်လို့ ပဲခံယူ
လိုက်ပါတယ် ။
ကိုယ့်အပေါ် အနစ်နာခံပြီး ဆက်ဆံပေးနေသူတွေဟာလည်း
ကိုယ့်ကို ဝဋ်ရှိလို့  ဆပ်နေရတာ အနိုင်ရတိုင်း အနိုင်မယူခဲ့ဘူး။
ကိုယ့်အကျိုးစီးပွားကို ထိခိုက်နစ်နာအောင်လုပ်သွားတယ် ။
ကိုယ့်သိက္ခာတွေရစရာမရှိအောင်နောက်ကွယ်မှာပြောတယ် ။
ကိုယ်ကပေးတဲ့ အချစ် မေတ္တာကို မတူတန်အောင်
ရက်စက်စွာ စော်ကား ဥပက္ခာပြုသွားတယ် ။
နေပါစေ ကိုယ့်ဝဋ်ကြွေးတွေကျေကုန်ပြီး ဒီလိုစိတ်လေးကို
ခံယူမိချိန်ကစပြီး စိတ်နှလုံးတွေ အေးချမ်းစေလာပါတယ် ။
ကိုယ့်အပေါ် အခြောက်တိုက်မုန်းနေလား ကိုယ်ပြန်မမုန်းပါဘူး ။
ကိုယ့်စိတ်ကိုယ် နိုင်အောင်ချွန်းအုပ်လိုက်တယ် ။
ကိုယ့်အကျိုးစီးပွားကို ထိခိုက်အောင်လုပ်နေလား ဒေါသ
အလျဉ်းမရှိပါဘူး ။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်
နေလိုက်တယ် ။
ကိုယ့်မကောင်းကြောင်းတွေ နောက်ကွယ်မှာပြောပြီး
သိက္ခာချနေလည်း ကိုယ်မရှက်ပါဘူး ။
ကိုယ့်ကိုယ်ကိုယ် မှန်အောင်နေလိုက်တယ် လမ်းဆုံးရင်
ရွာတွေ့ စမြဲပါ ။
လောကကြီးရဲ့ ဓမ္မတာအတိုင်း ပြုလိုက်သူသာ အသစ်ပြန်
ခံရမမြဲမို့ 
ဝဋ်ကြွေးအသစ်ကိုမယူတော့ဘူး ဝဋ်ဟောင်ကျေသည်အထိ
ပဲ ဆပ်လိုက်ပါရစေ ။
" ကြမ္မာဝိဘတ် နောက်ပိုးတက် ' တဲ့ အရမ်းကြောက်မိပါတယ် ။
ဒါကြောင့် ဘယ်သူ့ အပေါ်မှာလည်း စိတ်ယုတ်မာမမွေးချင်ဘူး ။
ဘယ်သူ့ ကိုမှလည်း အငြိုးမထားချင်ဘူး ။ ကိုယ့်ကြောင့်တပါး
သူတွေရဲ့ အကျိုးပျက်စီးရမဲ့ အလုပ်ဆိုအဝေးဆုံးက ရှောင်
လိုက်ပါတယ် ။
ချစ်နေခင်သူတွေကြားထဲ တစ်ယောက်နဲ့  တစ်ယောက်အမုန်း
ပွားစေမဲ့ အလုပ် ဘယ်သောအခါမှမလုပ်ဘူး ။
ကိုယ်လည်းမကြုံချင်ဘူး ဒါပေမဲ့ ကြုံခဲ့ရတယ် စိတ်မကောင်း
ဖြစ်ရုံကလွဲပြီး ဝဋ်ကြွေးပါလို့  ဆပ်လိုက်ရတယ်ပဲခံယူလိုက်
ပါတယ် ။
လူတချို့ ရှိတယ် ချစ်ချစ်ခင်ခင်နေတဲ့သူတွေကြားထဲ
စိတ်ဝမ်းကွဲအောင် ကြားဝင်တဲ့သူတွေ ။
သူများအကျိုးပျက်စီးအောင်လုပ်နေတဲ့သူတွေ ။
ဒီလိုလူတွေကို ဘေးကကြည့်ပြီး စိုးထိတ်မိတယ် ။
ဝဋ်ကြောင်းတရားကို မကြောက်ကြပါလား ဆိုပြီးတော့ ။
တချို့  ငယ်ရွယ်သေးတော့ ဆင်ခြင်ဥာဏ်နည်းလို့ မှားမိကြ
ပေမဲ့ တချို့ ကြတော့ အသက်ရွယ်ကြီးပြီး ဆင်ခြင်တုံတရား
နည်းကြသူတွေ ။ သူတို့ တွေကိုလည်း ဆုတောင်းပေးမိတယ်
အချိန်မှီအမြန် အသိတရားတွေကိုပြင်ဆင်နိုင်ကြပါစလို့  ။
ကိုယ်ဆုံးရှုံးခဲ့ရသမျှတွေ ၊ ကိုယ်ပေးဆပ်ခဲ့ရသမျှတွေဟာ
ဖြစ်ချိန်တန်လို့  ဖြစ်သွားခဲ့တယ် ပျက်ချိန်တန်လို့  ပျက်သွား
ခဲ့ရတယ် ။
ဒီလိုဖြည့်တွေးခံယူ လိုက်တော့ စိတ်ဆိုးဒေါသ
ဖြစ်စရာမရှိတော့သလို စိတ်တွေအေးချမ်းလာစေခဲ့လို့ 
ကိုယ်မရှုံးပါလားဆိုပြီး စိတ်တွေတောင် ပျော်ရွှင်လာစေ
ပါတယ် ။
ကိုယ့်အသက်ထက်မကချစ်သူဖြစ်ပါစေ ၊ ကိုယ့်ဘဝထဲမရှိ
မဖြစ်ဆိုသူတွေဖြစ်ပါစေ ဘယ်လောက်ခင်မင်နေတဲ့သူတွေ
ဖြစ်ပါစေ တစ်နေ့  အချိန်တန်ရင် သူအရင်လား
ကိုယ်အရင်လားဆိုတာ မသိတဲ့ ထာဝရခွဲခွာခြင်းနဲ့  ခွဲခွာကြ
ရမှာပါ ။
ဒီလိုတွေးပြီးခံယူလိုက်တော့ အမုန်းတရား အငြိုး
တွေဆိုတာ စိုးစဉ်းမျှ မထားချင်တော့ပါဘူး ။
ကိုယ့်အပေါ် ရက်စက်သွားသူလည်း ပျော်ရွှင်ပါစေ ။
ကိုယ့်အပေါ်မုန်းတီးနေသူတွေလည်း အေးချမ်းကြပါစေ ။
ကိုယ့်အပေါ် အနိုင်လိုသူတွေလည်း ဝမ်းသာနိုင်ကြပါစေ
ဆိုတဲ့ စိတ်ကလေးနဲ့  နေတတ်လာခဲ့ပါတယ် ။
ရှိခဲ့သမျှဝဋ်ကြွေးကိုလည်း ကုန်အောင်ဆပ်မယ်
ဆပ်စရာကျန်သေးရင်လည်း ဒီဘဝမှာသာ ကျေအောင်
ဆပ်ပါရစေ ။
ဝဋ်ကြွေးဟူသမျှ ဒီဘဝဒီမျှသာ ဆိုတဲ့ စိတ်ကလေးနဲ့ 
နေ့ ရက်တိုင်းမှာ ကိုယ်လည်း စိတ်နှလုံးအေးချမ်းနေပါပြီ ။
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါစေ
Sunday, 28 May 2017
တူသောအကျိုး
"တူသောအကျိုး"
🙏🙏🙏🙏🙏🙏🙏
တစ်ဖက်သားကို နွေးနွေးထွေးထွေး
ချစ်ခင်တတ်ရင် ကိုယ့်ကို
နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ
ပေါ်လာမှာပါ။
တစ်ဖက်သားကို မြတ်မြတ်နိုးနိုး
ကြင်နာတတ်ရင် ကိုယ့်ကို
မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ
ရောက်လာမှာပါ။
တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက်
ယုယတတ်ရင် ကိုယ့်ကို
ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ
ရှိလာမှာပါ။
တူသောအကျိုးပေးတတ်တဲ့
ကံတရားကို ဘယ်သူကများ
ဟန့်တားနိုင်တာမှတ်လို့။
(ဆရာတော် အရှင်ဆန္ဒာဓိက)ရွှေပါရမီတောရ
Monday, 22 May 2017
သောက်ရေသုံးရေ ကန် အတွက် လှူဒါန်း လိုပါက ဆက်သွယ်ပါ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ်
ကျနော်တို့ ရွှေနှတ်သီး ကျေးရွာ သောက်ရေ သုံးရေ ကန် အတွက်
ကွန်ကရစ် လှေကား ဆောက်လုပ် လှူ ဒါန်းရန် ပါဝင်လှူ တန်း ခဲ့ကြပါသော
လူကြီးများနဲ့
ကိုကို မမ
ညီလေး ညီမလေး များ
အထူးကျေးဇူး တင်ရှိပါတယ်
ရေကျီုး ဆယ်ပါး
၁။လျှင်မြင်ခြင်း
၂။ကျော်စောခြင်း
၃။စင်ကြယ်ခြင်း
၎။ မွတ်သိပ်ခြင်းမှ ကင်းခြင်း၊
၅။ အခြံအရံများခြင်း
၆။ အသက်ရှည်ခြင်း
၇။အဆင်းလှခြင်း
၈။ခွန်အားကြီးခြင်း
၉။ပညာကြီးခြင်း
၁၀။ချမ်းသာခြင်း
များစွာနဲ့ ပြည့်စုံကြပါစေ
အထူးကျေးဇူး တင်ပါတယ်ဗျာ
ဆက်သွယ် မေးမြန်း လိုပါက
ထိုင်းဖုန်း 0882486113 ဆက်သွယ် မေးမြန်း နှိုင်ပါတယ်

သောက်ရေသုံးရေ ကန်အတွက် လှူဒါန်း လိုပါက ဆက်သွယ်ပါ
0882486113
Wednesday, 19 April 2017
နံနက်ချိန်ခါ မင်္ဂလာပါ
🌷🌾🌴🍃🌱🌻
🌹မင်္ဂလာရှိ သော🌾
🌾🌱☀⭐🌷🌾🍃💐
🌷ညချမ်း🌹
🌷🌻🌵🌴
🌹🌵🌻🍃
🌱လေးပါ🌷
🌷🌹🌷🌾🌱🌴🌻
🌹ရွှင်လန်း🌷
☀🌙⭐🌾🌱
🌹🍀🌹🍂
🌷ချမ်းမြေ့🌹
🌾🌴🌻🌹🌷🍃🍁
🌷ကြပါစေ အမြဲတမ်း ခင်မင် လျှက်ပါ အမုန်းမဲ့ကျော်ထွန်း🌹
🌹🌷🌹🌹
ဘုရားပုံတော်များ

Sunday, 19 February 2017
Wednesday, 15 February 2017
ဘုရားတရားသံဃာ
မင်္ဂလာညချမ်း လေးပါ
ဘေးရန်ကင်းကွာ
စိတ်ချမ်းသာ၊
တရားတော်လာ
လိုက်နာခါ
ကြည်ညိုစိတ်ထား
မြတ်ဘုရား
ပူဇော်ညွှတ်တွားကာ
သဒ္ဓါ၊သီလ၊သုတ
စာဂ၊ပညာ
ကိုယ်ကျင့်ငါးပါး
စုံလင်စွာကျင့် ကြ
ပါစို့ဆွေသဟာ။
ကိုယ်စီအစဉ်ထား
မေတ္တာတရား
တည်ဆောက်ကြပါ
အေးချမ်းကမ္ဘာ။
အဂတိတရား
ထိုလေးပါး
ဖယ်ရှားတို့တတွေ
အမြဲတမ်း ရိုသေလေးစာခင်မင်လျှက်ပါ ကျော်ထွန်း
Subscribe to:
Posts (Atom)