Friday, 11 August 2017

အ​ဖေအ​မေ စိတ်​ညစ်​​အောင်​မလုပ်​ မိပါ​စေနဲ့


ယနေ့   သင်သည်
မလုပ်သင့်တာကို လုပ်တော့မယ်ဆိုရင်
မကျုးလွန်သင့်တာ လွန်ကျုးတော့မယ်ဆိုရင်
 သင့်ရဲ့ အဖေနဲ့အမေကို အရင်ဆုံးသတိရပေးပါ
သားသမီးမကောင်းတော့ မိဖခေါင်းမို့ပါ

အမှားလုပ်ခဲ့မိတာက သင့်အတွက်
အရှက်ရစေသလို နောင်တရစေမှာပါ
ဒါပေမယ့်
လူတကာရဲ့ အပြစ်ပြောခံရမှာက
သင့်ရဲ့ အဖေနဲ့အမေဟာ ထိပ်ဆုံးကပါ

ဒါကြောင့်-
သင့်ကြောင့်လည်း
အဖေနဲ့အမေ စိတ်မဆင်းရဲစေပါနဲ့
သင့်အတွက်နဲ့လည်း
အဖေနဲ့အမေ စိတ်ညစ်မှုတွေ မဖြစ်ပါစေနဲ့

No comments:

Post a Comment

မင်္ဂလာပါ ရွှင်​လန်းချမ်း​မြေ့ပါ​စေ