Sunday, 20 November 2016

ဘုရားပုံ​တော်

ကောင်းမြတ်သောမင်္ဂလာ


ကောင်းမြတ်​​သောမင်္ဂလာ
မြတ်စွာဘုရားက စည်းစိမ်ဥစ္စာ ရရှိဖို့ထက် စိတ်ထား နှလုံးထား ရင့်ကျက်တိုးပွားအောင် ကြိုးစားကြဖို့က ပိုအရေးကြီးကြောင်း မိန့်ကြားတော် မူထားပါတယ်။
★★ ➳အကြားအမြင်များခြင်း➳စက်မှုလက်မှုတတ်ကျွမ်းခြင်း
➳လူ့ကျင့်ဝတ်များ ကောင်းစွာ     သင်ကြားထားခြင်း
➳ကောင်းသောစကားကို ပြောဆိုခြင်း.....                   ဤလေးပါးသည် ကောင်းမြတ်သော မင်္ဂလာ ဖြစ်ပါသည်။
➳မိဘတို့ကို လုပ်ကျွေးပြုစုခြင်း
➳ သားသမီးနှင့် ဇနီးတို့ကို ချီးမြှောက် ထောက်ပံ့ခြင်း။➳ အရှုပ်အထွေးမရှိသော အလုပ်ကို လုပ်ခြင်း..                  ဤသုံးပါးသည် ကောင်းမြတ်သော မင်္ဂလာများ ဖြစ်ပါသည်။
➳ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
➳ သုစရိုက်တရားများကို ကျင့်ခြင်း..
➳ ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း ..
➳ အပြစ်ကင်းသောအမှုတို့ကို ပြုလုပ်ခြင်း                 ဤလေးပါးသည် ကောင်းမြတ်သော မင်္ဂလာများ ဖြစ်ပါသည်။
➳ မကောင်းမှုမှရှောင်ကြဉ်ခြင်း
➳ အရက်သေစာမသောက်စားခြင်း.
➳ ကုသိုလ်တရားတို့ကို မမေ့ခြင်း..                ဤသုံးပါးသည် ကောင်းမြတ်သော မင်္ဂလာများ ဖြစ်ပါသည်။
➳ ရိုသေထိုက်သူကို ရိုသေခြင်း
➳ မိမိကိုယ်ကို နှိပ်ချခြင်း..
➳ တင်းတိမ်ရောင့်ရဲခြင်း..
➳ သူတစ်ပါး၏ ကျေးဇူ့ကိုသိခြင်း..
➳ သူတော်ကောင်းတရားများ နာကြားခြင်း..               ဤငါးပါးသည် ကောင်းမြတ်သော မင်္ဂလာများ ဖြစ်ပါသည်။

1 comment:

  1. ကြွ​ရောက်​လာ​သောဓမ္မ အားလုံးကျန်းမာ ချမ်းသာ ကြပါ​စေ

    ReplyDelete

မင်္ဂလာပါ ရွှင်​လန်းချမ်း​မြေ့ပါ​စေ