စိတ်ညစ်တယ်တဲ့လား
fb ပေါ်မှာတတ်လာတဲ့ ညည်းတွားသံလေးတွေ
ကြားဘူးပါတယ်
သေချင်တယ်
စိတ်ညစ်တယ်
အဆင်မပြေတာတွေကလည်းများလိုက်တာ
ငါ့ကြမှဖြစ်ရတယ်လို့ -------အစရှိသဖြင့်
ညည်းတွားသံကိုစုံနေတာပါပဲ
မေးကြည့်မယ်
ကိုယ့်မှာပူနေတယ်ဆိုတော့
ပဋာစာရီလောက်ဆိုးနေလား
စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ အိုးပြစ်အိမ်ပြစ်
ထွက်ပြေးနေရလောက်အောင်ဆိုးနေလား
မြန်မာနိုင်ငံမှာတင် စစ်ဖြစ်နေတဲ့နေရာဒေသက
ဒေသကလူတွေလောက်ဆိုးနေလား
ရှစ်လတခါသာလက်ဆေး တနှစ်တခါသာအဝတ်လျှော်
သုံးနှစ်တခါသာရေချိုးရတဲ့ အာဖရိကတိုက်က
လူတွေလောက်ဆိုးနေလား
အမေရိကန်တို့ အစ္စရေးတို့ လေကြောင်းက
တိုက်ခိုက်လို့ မြို့ လယ်ခေါင်မှာနေရပေမဲ့
ဗုံကျမှာစိုးရိမ်နေတဲ့ ဆီးရီးယား ကလူတွေလောက်
ဆိုးနေလား
ခြေတွေလက်တွေပြတ်နေတဲ့ ခြေတုလက်တု
ဆေးရုံကလူတွေလောက်ဆိုးနေလား
မွေးကတည်းကမျက်စိနှစ်ကွင်းအလင်းမရတဲ့
လူဖြစ်ရှုံးနေတဲ့ မျက်မမြင်ကျောင်းကလူတွေထက်
ဆိုးနေလား
နဲနဲလောက်များစဉ်းစားကြည့်ကြစမ်းပါ
လူတိုင်းနီးပါးအနည်းဆုံးအလယ်တန်း
အထက်တန်း တော့ပညာသင်ဘူးခဲ့ကြပါတယ်
ဘွဲရထိဆိုရင် ၁၅ နှစ်လောက်တောင်သင်ခဲ့
ရဘူးတယ် အနိမ့်ဆုံးအလယ်တန်းအဆင့်တောင်
၁၀ နှစ်လောက်တော့ အချိန်ကုန် ငွေကုန်ခံပြီး
ပညာတွေသင်ခဲ့ဘူးကြပါတယ်
အဲဒီသင်ခဲ့တဲ့ပညာတွေက ခဏတာစိတ်ညစ်တာကို
တောင်မကျော်လွှားနိုင်ဘူးဆိုရင် ပညာတွေက
ဘာလုပ်ဖို့ သင်ခဲ့တာလည်း
အခြားဘာသာတွေမှာစိတ်ခံစားမှူ့ အားကြီးရင်
ဖြေစရာမရှိပေမဲ့ ပဋာစာရီလိုလူမျိုးတောင်
တကယ်ချမ်းသာရာရသွားခဲ့တဲ့ ဗုဒ္ဓတရားတော်
တွေကိုပိုင်ဆိုင်ထားပြီး ဗုဒ္ဓဘာသာအမည်ခံထား
တာက ဘာလုပ်ဖို့ လည်း
လူတိုင်းဟာ သူ့ အသက်အရွယ်အလိုက်တော့
ပြင်းပြင်းထန်ထန်စိတ်ညစ်ခဲ့ဘူးတဲ့သူချည်းပါပဲ
ငယ်ငယ်ကငိုခဲ့တာတွေ ပူလောင်ခဲ့တာတွေကို
အခုပြန်စဉ်းစားကြည့်လိုက်ပါ ဟာသတခုအဖြစ်တောင်
အကြုံးမဝင်တော့ပါဘူး အခုညစ်တယ် ပူတယ်
ဆိုတာဟာလည်းနောင်တချိန်ကျရင် ဟာသတပုဒ်
လိုပဲဖြစ်သွားမှာ မဟုတ်ဘူးလား
ဘာကို ညစ်နေတာလည်း
ဘာ့ကြောင့်သေချင်နေတာလည်း
လူ့ ဘဝဟာ အဲဒီလောက်ထိ
တန်ဘိုးမမဲ့ဘူးဆိုတာကိုတော့
သတိပေးချင်ပါတယ်
တကယ်တော့
ဗုဒ္ဓတရားတော်နဲ့  မဖြေရှင်းနိုင်တဲ့
ဒုက္ခဆိုတာ
ရှိကိုမရှိပါဘူးလို့ 
ထပ်လောင်းသတိပေးပါရစေ ----
မျက်စီလည် လမ်းမှားပြီးရောက်လာကြသော ဓမ္မ မိတ်ဆွေ အားလုံး ကျန်းမာ ချမ်းသာ ဘေးရန် ကင်းကွာကြပါစေ 🌷မင်္ဂလာပါ🌷 🌱ရေလို့ အေး၍🌱 🌷 ပန်းလို လန်းဆန်းပါစေ💞 🌱စိတ်သွားတိုင်း ကိုယ်ပါ🌱 🌷လိုရာ ဆန္ဒများလည်း🌷 🌱ပြည့်ဝပါစေ🌱 🌷🌱 🌱🌷
Monday, 21 November 2016
စိတ်ညစ်တယ် တဲ့လား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါစေ