#အသက် (၃၀) ဝန်းကျင်မှာတောင်
လက်မထပ်ဖြစ်သေးတဲ့အချက် (၆) ချက်
အသက် ၂၀ ဝန်းကျင်မှာ ကိုယ့်အပေါင်းအသင်းတွေက လက်ထပ်ခဲ့ကြပေမယ့် ကိုယ်ကတော့ အသက် ၃၀ ရောက်တာတောင် လက်မထပ်ဖြစ်သေးတာဟာ အကြောင်းအမျိုးမျိုး ရှိပါတယ်။
၁။ ကိုယ့်ကိုယ်ကိုယ် သေသေချာချာသိတယ်
ဘဝရဲ့ လိုအပ်ချက်တွေ၊ ပန်းတိုင်တွေ ရှိသလို ဘာလိုချင်တယ်ဆိုတာကိုလည်း သိနေတဲ့အတွက် ရည်မှန်းချက်မပြည့်မချင်း ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ဖြစ်မှာမဟုတ်ပါဘူး။
၂။ ငွေရေးကြေးရေးမတည်ငြိမ်သေး
ဝန်ထမ်းဆိုရင်လည်း ရာထူးငယ်သေးတာမျိုး၊ ကိုယ်ပိုင်အလုပ်ဆိုရင်လည်း မတည်ငြိမ်သေးတာမျိုးကြောင့် လက်ထပ်ပြီးမှ ဒုက္ခရောက်မှာကို မလိုလားတဲ့အတွက်လည်း လက်ထပ်ဖို့ကို ရွှေ့ဆိုင်းထားမိပါတယ်။ မိသားစုဘဝတစ်ခု တည်ဆောက်ဖို့ ငွေရေးကြေးရေးကလည်း အရေးပါတာကြောင့် ပုံမှန်ဝင်ငွေရတဲ့အထိ စောင့်ပါတယ်။
၃။ အချစ်ထက်အရေးကြီးတာတွေကို နားလည်တယ်
ငယ်စဉ်တုန်းကလို အချစ်သည်သာ ကိုးကွယ်ရာဆိုတဲ့စိတ်မျိုးလည်း မရှိတော့ပါဘူး။ မိမိဘာသာ လွတ်လွတ်လပ်လပ်နေရတာလောက် ဘယ်အရာမှမကောင်းဘူးဆိုတာလည်း ခံစားမိလာတာကြောင့် အိမ်ထောင်ပြုဖို့အရေးကို သိပ်မတွေးဖြစ်တာပါ။
၎။ သိပ်ပြီးခေါင်းထဲမထည့်ဘူး
အိမ်ထောင်ပြုဖို့၊ လက်ထပ်ဖို့ ဆိုတာကို ခေါင်းထဲမှာ အချိန်ပြည့် တွေးနေတာမဟုတ်တဲ့အတွက် လက်ထပ်ဖို့ကလည်း အကောင်အထည်မပေါ်တာ ဖြစ်နိုင်ပါတယ်။
၅။ တစ်ကိုယ်တည်းနေရတာကြိုက်လို့
တစ်ခါတစ်လေ ဘယ်သူနဲ့မှ အရောတဝင်မနေဘဲ တစ်ကိုယ်တည်း သီးသန့်နေချင်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ တစ်ကိုယ်တည်းနေရတာ နှစ်သက်သူတွေအဖို့တော့ တခြားလူတစ်ယောက်နဲ့အတူ နေ့စဉ် ဘဝကိုဖြတ်သန်းရတာတွေ၊ သူနဲ့ပတ်သက်ပြီး မခံစားချင်တာ၊ စိတ်ရှုပ်မခံချင်တာတွေကြောင့်လည်း လက်မထပ်ဖြစ်သေးသူတွေ ရှိပါတယ်။
၆။ စိတ်တိုင်းကျ မတွေ့သေးလို့
ဒါကတော့ ရှင်းပါတယ်။ ကိုယ်တကယ် ချစ်ခင်စွဲလမ်းပြီး မခွဲနိုင် မခွာရက် ဖြစ်ရလောက်အောင် ချစ်မိသူ မတွေ့သေးလို့ပါ။ ချစ်သူ၊ ရည်းစားတွေ ရှိပေမယ့် ဘဝတစ်ခုလုံး ပုံအပ်ရလောက်အောင် သူက မထိုက်တန်တဲ့အခါ လက်ထပ်ဖို့အရေး နှောင့်နှေးတတ်ပါတယ်။ အချို့ လူပျိုကြီး၊ အပျိုကြီးတွေကတော့ အဆင်းရော အချင်းပါ ပြည့်စုံနေပေမယ့် သူတို့စိတ်တိုင်းကျတဲ့ လက်တွဲဖော်မျိုး မတွေ့သေးတာကြောင့်လည်း အိမ်ထောင်မပြုဘဲ နေကြတာမျိုး ရှိပါတယ်။
▪ ရည်ရွယ်ချက်ကြီးမားသူတိုင်းဟာ
အချစ်ကို ဘဝလုပ်မယူဘူး
ရှေ့ရေးမှာလည်းပဲ စီမံစစ်ပြီးသားပါ
▪ ဖြစ်ချင်တာတွေ ရှိနေလည်းပဲ
ဘယ်သော်အခါမှ ဦးစားမပေးဘူး
ဖြစ်သင့်တာကိုပဲ ကြိုးစားပြီး လုပ်ယူတယ်
▪ အချစ်ဆိုတာ ဘယ်လိုမှ မျက်နှာလွှဲထားလို့
မရသည့်အရာပါ အမြဲတမ်း ကြုံတွေ့လည်းပဲ
မျှောပါမသွားအောင် ခံနိုင်ရည်ရှိနေပြီးသားလေ
▪ အချစ်က ထင်သလောက် အရေးမကြီးပါဘူး
ဘဝအရေးကိုသာ ဂရုတစိုက်နဲ့ တည်ဆောက်နေရင်
အချစ်ဆိုတာ သူ့အလိုလို ပျိုးထောင်ပြီးသားဖြစ်တယ်
▪ စိတ်ကူးယဉ်မှုအောက် ရောက်သွားသူတိုင်း
အိမ်မက်တွေနဲ့ ကွေကွင်းသွားကြသည်အမှန်ပါ
အပျော်ကိုပဲ အလေးထားကြတော့သည်
▪ အချစ်က ငယ်ဘဝက မျှော်လင့်ချက်တွေကို
ဟန့်တားထားကို ဆိုလိုပါတယ်
မျက်ရည်ကျအခါမှ နောင်တရစမြဲပါ
▪ အနာဂတ်ကို အချစ်နဲ့ဖြတ်သန်းသူတိုင်း
နောင်းအရေးမှာလည်း စိတ်မချမ်းသာစရာတွေ
ဖြစ်လေ့ဖြစ်ထ ရှိနေတာ သဘာဝဖြစ်နေပြီ
▪ မိမိကိုယ်တိုင် ဘာတစ်ခုမှ အခြေမချနိုင်သေးဘဲ
အချစ်နဲ့ သွားမပတ်သက်မိပါစေနဲ့
ဒုက္ခဆိုတာ ဘဝပဲ ကောင်းတယ်
▪ ဘဝနဲ့ပတ်သက်ပြီးတော့ လိုချင်တာတွေ
ဖြစ်မလာဘူးဆိုပြီး လက်လျှော့သွားတာဟာ
အစကတဲ့က လူညံတွေရဲ့ အလုပ်ပါ
▪ ဘဝဆိုတာ လှေကာထစ်မို့ တစ်ဆင့်ပြီးတစ်ဆင့်
တက်ကြရတယ် တံခါးဝမရောက်သေးသည့်အချိန်အထိပေါ့
သတိဝီရိယနဲ့ မတက်ရင်လည်း ချော်ချတတ်တယ်လေ
▪ အချစ်ဆိုတာ အိမ်ထောင်တစ်ခုမို့
မိသားစုအရေး ဖြစ်လာပြီဆိုရင်
သား/သမီးမျက်နှာ ထောက်ရတယ်
▪ အချစ်နဲ့ဘဝကို ယှဉ်တွဲကြည့်ပါ
အချစ်ဆိုတာ ``အ´´သွားမိရင် နောက်ပြန်ဆုတ်ဖို့ ခက်တယ်
ဘဝဆိုတာ ``လဲ´´ကျသွားရင်တောင် ပြန်ကြိုးစားခွင့် ရှိတယ်
▪ ဘဝဆိုတာကို အရင်ဆုံး ခိုင်ခံအောင် တည်ဆောက်ပြီးမှ
အချစ်ဆိုတာကို ရင်ဆိုင်ပါ..... ...... ..... ................
=============================
#ဘဝအတွက် ကြိုးစားနေချိန်မှာ
မလုပ်သင့်တဲ့ အချက်တချို့
═══════════════════════
၁။အရက်သေစာ စွဲစွဲလန်းလန်း သောက်တာ
တစ်ခါတစ်လေ သောက်တာ စားတာ လောက်ကို အပြစ်မယူပေမယ့် စွဲလမ်းမှု ဖြစ်ပြီဆိုရင်တော့ မကောင်းပါ။ ဒါကြောင့် မိမိဟာ ကြိုးစားနေတဲ့
လူတစ်ယောက်ဆိုရင် မစွဲလမ်းမိပါစေနဲ့။
၂။ မပျင်းနဲ့ ၊ ဇွဲ လုံလ ဝီရိယ ရှိပါစေ
အောင်မြင်တဲ့လူတိုင်းမှာ ဇွဲ လုံလ ဝီရိယ ဆိုတာ ရှိပါတယ်။ ဒါကြောင့် မိမိအနေဖြင့် အောင်မြင်အောင် ကြိုးစားနေချိန်မှာ မပျင်းပါစေနဲ့။ အမြဲတမ်း တက်ကြွစွာ အလုပ်လုပ်ပါ။
၃။ ငွေကို ချွေတာ၊အချိန်ကို နှမြော
အရေးကြီးပါတယ်။ ငွေကို ချွေတာတတ်မှသာ ရှာသမျှငွေတွေဟာ လုပ်ငန်းတစ်ခု
ထူထောင်တာဖြစ်ဖြစ် ရင်းနှီးတာဖြစ်ဖြစ် အသုံးပြုလို့ ရပါလိမ့်မယ်။
ဒါ့အပြင် အချိန်ဟာ ပြန်မရနိုင်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် အချိန်ကို နှမြောပါ။ အောင်မြင်သူတိုင်း အချိန်ကို နှမြောတယ်ဆိုတာ မမေ့ပါနဲ့။
၎။ အိမ်ထောင် မပြုနဲ့အုံး
ဘဝအတွက် ကြိုးစားရုန်းကန်နေချိန်မှာ အိမ်ထောင်မပြုသေးတာ ကောင်းပါတယ်။ အိမ်ထောင်ပြုလိုက်မယ်ဆိုရင် ပိုပြီး တာဝန်တွေ များပါလိမ့်မယ်။ အခြားသော လုပ်ငန်းတွေမှာ ပေါ့လျော့တာလည်း ရှိလာနိုင်ပါတယ်။
၅။ မနာလို မဖြစ်နဲ့ ၊မကဲ့ရဲ့နဲ့ ၊ချီးမွမ်း စကားဆိုပါ
သူတစ်ပါးကို ကဲ့ရဲ့တာ မနာလို ဖြစ်တာတွေဟာ မိမိကြိုးစားနေချိန်မှာရော
အောင်မြင်နေချိန်မှာပါ မလုပ်ပါနဲ့။ မကောင်းပါ။ အောင်မြင်တဲ့ သူတွေကိုလည်း
ချီးမွမ်းစကားဆိုပါ။ ဝမ်းသာပါ။
#Credit
#kokhinmgwin
No comments:
Post a Comment
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါစေ