<Unicode>
နှစ်သစ်မင်္ဂလာပါ...........................
၂၀၁၉ ခုနှစ် ကုန်လို့ ၂၀၂၀ ခုနှစ်ကို ရောက်ပါတော့မယ်
ကျနော်တို့လညး အသက် တွေ ၁ နှစ် ပိုကြီး လာတာပေါ့
နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့.. အားလုံး ပျော်ရွှင် အေးချမ်း ဖို့ ဆုတောင်းပေးပါတယ်..
စိတ်သစ် လူ သစ် ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ တွေးမိတာလေး တစ်ခုကို ဒီ ပို့စ်လေးမှာ ရေးချင်ပါတယ်...
ရက်ကို လစား လကို နှစ်စားနဲ့ ၁ နှစ် ပီး ၁ နှစ် ပြောငး လာခဲ့ပါပီ....
အဲ့လို ပြောင်းလဲနေတဲ့ အချိန်တွေနဲ့ အတူ ကျနော်တို့ တွေ အတွက် မဖြစ် မနေ ပြောင်း လဲ လာတာ ကတော့ ရုပ်တရား တွေပါပဲ...
ရုပ်တရားတွေ ကတော့ သူ့သဘာ၀ အတိုင်း အိုမင်း ရင့်ရော်မှုတွေ ပြောင်းလဲ လာမှာပါပဲ... ဒါကလည်း လူတိုင်း အတွက် မလွဲမသွေ ကြုံတွေ့ရမှာပါ
ဒါပေမယ့် လူတွေရဲ့ ရုပ်တွေ အိုပေမယ့် စိတ်တွေ မအိုအောင်... အမြဲတမ်း သစ်လွင် နေအောင် လုပ် ဖို့ တော့ ကျနော်တို့ လူသားတွေက ကြိုးစား လို့ရပါတယ်.
ခုခေတ်မှာ ပြောင်းလဲ တိုးတက်မှု တွေ ခေတ်မှီပစ္စည်းတွေက အမြဲတမ်း အသစ်အဆန်းဆိုတာ ပေါ်နေတာ မို့လူတွေ အတော်များများ က အဲ့ တိုးတက်မှုတွေ နောက်ကို လိုက်နေရတာနဲ့ မော နေ ရတာ ပါပဲ
လိုက်နိုင်တဲ့ လူက လည်း လိုက်နိုင် ဖို့ အတွက် စိတ်တွေ ပင်ပန်းရပါတယ် မလိုက်နိုင်သူတွေက လည်း ဒါမျိုးတွေ မသုံးရ ပါလား ဆိုပီး စိတ်အမော တွေနဲ့ပေါ့
ဘယ်ဖက်ကပဲ ဖြစ် ဖြစ် ၂ ဖက် စလုံးက အမောတွေကြီးပါပဲ... ဒါပေမယ့် အဲ့ဒီအမောတွေပေါ်မှာ ကျနော်တို့ က သင်ခန်းစာ ယူတတ်ရင် စိတ်ထားတတ်ရင် အမောတွေ ပျောက်ပီး စိတ်အေးချမ်းမှုတွေလည်း ရမှာပါ....
ခေတ်မှီပစ္စညးတွေနောက် လိုက်ရင်း တဖြည်းဖြည်းနဲ့ လောဘတွေ တက် မရတော့လည်း ဒေါသတွေ ဖြစ် လိုက် နဲ့ အကောင်း အဆိုးမဝေဖန်နိုင်တဲ့ မောဟတွေ လည်း ပိုများ လာကြပါတယ်..
နှစ်သစ် ဆိုရင် မိတ်ဆွေ အချင်းချင်း Happy New Year လို့ ဆုတောင်း ပေးကြသလို နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ ပျော်ရွင်ပါစေ လို့ ဆုတောင်း ပေးကြပါတယ်...
ကပ်သီးကပ်သပ် ပြောတယ် လို့တော့ မထင်ပါနဲ့နော်... လူသစ် ဆိုတာ လူက အသစ် ဖြစ်မှာ မဟုတ် ဘူး လို့ တွေးကောင်း တွေးလို့ရပါတယ်... ဒီလိုပဲ စိတ်သစ် ဆိုတာလည်း အသစ် ဖြစ် လာဖို့ မရှိဘးူ ပေါ့လေ..
အဲ့လို မဟုတ်ပါဘူး ဆုတောင်းမှာ လူသစ်/စိတ်သစ် - ဆိုလိုရင်း က မကောင်းတဲ့ စိတ်တွေကို ပယ် ကောင်းတဲ့ စိတ်တွေ ရောက်အောင် လုပ်တာမျိုး၊ အကုသိုလ်တွေ များနေရင် ကုသိုလ်တရားဘက် မှာ ပိုပီး အားစိုက် တာမျိုးတွေ၊က မိမိ လုပ်ခဲ့တဲ့ လုပ်ရပ် ၊ အပြုအမှု အပြောအဆိုတွေ မှာ မကောင်းမှု တွေ ရှိနေရင် ပိုမို ကောင်းမွန် အောင် ကြိုးစား ပြောင်းလဲ ခြင်းတွေကို စဉ်းစား ဆင်ခြင်နိုင်မှာ တကယ့် စိတ်သစ် လူသစ်နဲ့ နေထိုင်နိုင်မှာပါ..
အဲ့လိုမဟုတ်ပဲ ... အကုသိုလ်တရားတွေ မကောင်းတဲ့ စိတ် ကိုယ့်ရဲ့အမှားတွေကို မပြုပြင် နိုင်ရင်တော့ အသက် ကြီးလာတာပဲ အဖတ် တင်ပီးတော့.......... ဘယ်လိုမှ စိတ်သစ် လူသစ် ဆိုတာ မဖြစ် လာ နိုင်တဲ့ အပြင် .....စိတ်တွေ ပိုညှိုးနွမ်းရမယ်... လောဘ၊ ဒေါသ၊ မောဟ မိမိ ရဲ့ အတ တွေနဲ့ ပူလောင် ပီး ဆက်ပီး နေမယ် ဆိုရင်တေ့ာ ခဏတာ ဖြစ်ရတဲ့ လူ့လောကမှာ နေရတာ တန်ဖိုးမဲ့တဲ့ လူ အဖြစ် နဲ့ နေရတာနဲ့ အတူတူပါပဲ..
နှစ် တိုင်း နှစ် တိုင်း ကျနော်တို့ က နှစ်သစ်ဆိုတာ ရှိနေတာပါ....
ကိုယ့်ရဲ့ စိတ်တွေ ပျော်ပျော်ရွှင်ရွင်နဲ့ နေထိုင်နိုင်အောင်.... ကြည်လင် လန်းဆန်းပီး စိတ်သစ်လူသစ် ဖြစ်နေစေဖို့.... ကောင်းမှု တရားတွေ စိတ်စေတနာကောငးတွေနဲ့ နေထိုင်နိုင်ကြပါစေ လို့ ဆုတောင်း ပီး နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ် ခင်ဗျာ
<Zawgyi>
ႏွစ္သစ္မဂၤလာပါ...........................
၂၀၁၉ ခုႏွစ္ ကုန္လုိ႕ ၂၀၂၀ခုနွစ္ကို ေရာက္ပါေတာ့မယ္
က်ေနာ္တို႕လညး္ အသက္ ေတြ ၁ ႏွစ္ ပိုၾကီး လာတာေပါ့
ႏွစ္သစ္မွာ စိတ္သစ္ လူသစ္နဲ႕.. အားလံုး ေပ်ာ္ရႊင္ ေအးခ်မ္း ဖို႕ ဆုေတာင္းေပးပါတယ္..
စိတ္သစ္ လူ သစ္ ဆိုတဲ့ စကားနဲ႕ ပတ္သက္လို႕ ေတြးမိတာေလး တစ္ခုကို ဒီ ပို႕စ္ေလးမွာ ေရးခ်င္ပါတယ္...
ရက္ကို လစား လကို ႏွစ္စားနဲ႕ ၁ ႏွစ္ ပီး ၁ ႏွစ္ ေျပာငး္ လာခဲ့ပါပီ....
အဲ့လို ေျပာင္းလဲေနတဲ့ အခ်ိန္ေတြနဲ႕ အတူ က်ေနာ္တို႕ ေတြ အတြက္ မျဖစ္ မေန ေျပာင္း လဲ လာတာ ကေတာ့ ရုပ္တရား ေတြပါပဲ...
ရုပ္တရားေတြ ကေတာ့ သူ႕သဘာ၀ အတိုင္း အိုမင္း ရင့္ေရာ္မႈေတြ ေျပာင္းလဲ လာမွာပါပဲ... ဒါကလည္း လူတိုင္း အတြက္ မလဲြမေသြ ၾကံဳေတြ႕ရမွာပါ
ဒါေပမယ့္ လူေတြရဲ႕ ရုပ္ေတြ အိုေပမယ့္ စိတ္ေတြ မအုိေအာင္... အျမဲတမ္း သစ္လြင္ ေနေအာင္ လုပ္ ဖို႕ ေတာ့ က်ေနာ္တို႕ လူသားေတြက ၾကိဳးစား လို႕ရပါတယ္.
ခုေခတ္မွာ ေျပာင္းလဲ တိုးတက္မႈ ေတြ ေခတ္မွီပစၥည္းေတြက အျမဲတမ္း အသစ္အဆန္းဆိုတာ ေပၚေနတာ မို႕လူေတြ အေတာ္မ်ားမ်ား က အဲ့ တိုးတက္မႈေတြ ေနာက္ကို လိုက္ေနရတာနဲ႕ ေမာ ေန ရတာ ပါပဲ
လိုက္ႏိုင္တဲ့ လူက လည္း လိုက္ႏိုင္ ဖို႕ အတြက္ စိတ္ေတြ ပင္ပန္းရပါတယ္ မလိုက္ႏိုင္သူေတြက လည္း ဒါမ်ိဳးေတြ မသံုးရ ပါလား ဆိုပီး စိတ္အေမာ ေတြနဲ႕ေပါ့
ဘယ္ဖက္ကပဲ ျဖစ္ ျဖစ္ ၂ ဖက္ စလံုးက အေမာေတြၾကီးပါပဲ... ဒါေပမယ့္ အဲ့ဒီအေမာေတြေပၚမွာ က်ေနာ္တို႕ က သင္ခန္းစာ ယူတတ္ရင္ စိတ္ထားတတ္ရင္ အေမာေတြ ေပ်ာက္ပီး စိတ္ေအးခ်မ္းမႈေတြလည္း ရမွာပါ....
ေခတ္မွီပစၥညး္ေတြေနာက္ လို္က္ရင္း တျဖည္းျဖည္းနဲ႕ ေလာဘေတြ တက္ မရေတာ့လည္း ေဒါသေတြ ျဖစ္ လိုက္ နဲ႕ အေကာင္း အဆုိးမေ၀ဖန္ႏိုင္တဲ့ ေမာဟေတြ လည္း ပိုမ်ား လာၾကပါတယ္..
ႏွစ္သစ္ ဆိုရင္ မိတ္ေဆြ အခ်င္းခ်င္း Happy New Year လို႕ ဆုေတာင္း ေပးၾကသလို ႏွစ္သစ္မွာ လူသစ္ စိတ္သစ္နဲ႕ ေပ်ာ္ရြင္ပါေစ လို႕ ဆုေတာင္း ေပးၾကပါတယ္...
ကပ္သီးကပ္သပ္ ေျပာတယ္ လို႕ေတာ့ မထင္ပါနဲ႕ေနာ္... လူသစ္ ဆိုတာ လူက အသစ္ ျဖစ္မွာ မဟုတ္ ဘူး လို႕ ေတြးေကာင္း ေတြးလို႕ရပါတယ္... ဒီလိုပဲ စိတ္သစ္ ဆိုတာလည္း အသစ္ ျဖစ္ လာဖို႕ မရွိဘးူ ေပါ့ေလ..
အဲ့လို မဟုတ္ပါဘူး ဆုေတာင္းမွာ လူသစ္/စိတ္သစ္ - ဆိုလိုရင္း က မေကာင္းတဲ့ စိတ္ေတြကို ပယ္ ေကာင္းတဲ့ စိတ္ေတြ ေရာက္ေအာင္ လုပ္တာမ်ိဳး၊ အကုသုိလ္ေတြ မ်ားေနရင္ ကုသိုလ္တရားဘက္ မွာ ပိုပီး အားစိုက္ တာမ်ိဳးေတြ၊က မိမိ လုပ္ခဲ့တဲ့ လုပ္ရပ္ ၊ အျပဳအမႈ အေျပာအဆုိေတြ မွာ မေကာင္းမႈ ေတြ ရွိေနရင္ ပိုမို ေကာင္းမြန္ ေအာင္ ၾကိဳးစား ေျပာင္းလဲ ျခင္းေတြကို စဥ္းစား ဆင္ျခင္ႏိုင္မွာ တကယ့္ စိတ္သစ္ လူသစ္နဲ႕ ေနထိုင္ႏိုင္မွာပါ..
အဲ့လိုမဟုတ္ပဲ ... အကုသိုလ္တရားေတြ မေကာင္းတဲ့ စိတ္ ကိုယ့္ရဲ႕အမွားေတြကို မျပဳျပင္ ႏိုင္ရင္ေတာ့ အသက္ ၾကီးလာတာပဲ အဖတ္ တင္ပီးေတာ့.......... ဘယ္လိုမွ စိတ္သစ္ လူသစ္ ဆိုတာ မျဖစ္ လာ ႏိုင္တဲ့ အျပင္ .....စိတ္ေတြ ပိုညွိဳးႏြမ္းရမယ္... ေလာဘ၊ ေဒါသ၊ ေမာဟ မိိမိ ရဲ႕ အတ ေတြနဲ႕ ပူေလာင္ ပီး ဆက္ပီး ေနမယ္ ဆိုရင္ေတ့ာ ခဏတာ ျဖစ္ရတဲ့ လူ႕ေလာကမွာ ေနရတာ တန္ဖိုးမဲ့တဲ့ လူ အျဖစ္ နဲ႕ ေနရတာနဲ႕ အတူတူပါပဲ..
ႏွစ္ တိုင္း ႏွစ္ တိုင္း က်ေနာ္တို႕ က ႏွစ္သစ္ဆိုတာ ရွိေနတာပါ....
ကိုယ့္ရဲ႕ စိတ္ေတြ ေပ်ာ္ေပ်ာ္ရႊင္ရြင္နဲ႕ ေနထိုင္ႏိုင္ေအာင္.... ၾကည္လင္ လန္းဆန္းပီး စိတ္သစ္လူသစ္ ျဖစ္ေနေစဖို႕.... ေကာင္းမႈ တရားေတြ စိတ္ေစတနာေကာငး္ေတြနဲ႕ ေနထုိင္ႏိုင္ၾကပါေစ လို႕ ဆုေတာင္း ပီး ႏွစ္သစ္ကို ၾကိဳဆိုလိုက္ပါတယ္ ခင္ဗ်ာ
အားလံုးကိုခ်စ္ခင္ေလးစားလွ်က္
ေက်ာ္ထြန္းဓမၼဒါန
No comments:
Post a Comment
မဂၤလာပါ ရႊင္လန္းခ်မ္းေျမ့ပါေစ