Wednesday, 7 December 2016

ကုသိုလ်​ ထမ်းပြီး လာခဲ့


ကုသိုလ်ထမ်းပြီး လာခဲ့ပါ
~~~~~~~~~~~
သူတစ်ပါး  အပြစ်ပြောဖို့
ကျွန်ုပ်ထံ  မလာခဲ့ပါနဲ့
သူတစ်ပါး  အကျိုးစီးပွား ဖြစ်တာပြောဖို့
ကျွန်ုပ်ထံ  လာခဲ့ပါ

သူတစ်ပါး  အတ္တကြီးတာပြောဖို့
ကျွန်ုပ်ထံ  မလာခဲ့ပါနဲ့
သူတစ်ပါး  ပရဟိတကိစ္စကြီးတာပြောဖို့
ကျွုန်ုပ်ထံ  လာခဲ့ပါ

သူတစ်ပါး  ကျေးဇူးကန်းစကားပြောဖို့
ကျွန်ုပ်ထံ  မလာခဲ့ပါနဲ့
သူတစ်ပါး  ကျွေးဘူးတာပြောဖို့
ကျွန်ုပ်ထံ  လာခဲ့ပါ

သူတစ်ပါး  ကျေးဇူးမရှိတာပြောဖို့
ကျွန်ုပ်ထံ  မလာခဲ့ပါနဲ့
သူတစ်ပါး  ကျေးဇူးသိတာပြောဖို့
ကျွန်ုပ်ထံ  လာခဲ့ပါ

သူတစ်ပါး  ကျေးဇူးမှတ်မိတာပြောဖို့
ကျွန်ုပ်ထံ  မလာခဲ့ပါနဲ့
သူတစ်ပါး  ကျေးဇူးဆပ်မိတာပြောဖို့
ကျွန်ုပ်ထံ  လာခဲ့ပါ

သူတစ်ပါး  ကျေးဇူးသိတာပြောဖို့
ကျွန်ုပ်ထံ  မလာခဲ့ပါနဲ့
သူတစ်ပါး  ကျေးဇူးရှိတာပြောဖို့
ကျွန်ုပ်ထံ  လာခဲ့ပါ

သူတစ်ပါး  ကဲ့ရဲ့စကားပြောဖို့
ကျွန်ုပ်ထံ  မလာခဲ့ပါနဲ့
သူတစ်ပါး  ငဲ့ကွက်စရာပြောဖို့
ကျွန်ုပ်ထံ  လာခဲ့ပါ

သူတစ်ပါး  ပျော့ဟာကွက်ပြောဖို့
ကျွန်ုပ်ထံ  မလာခဲ့ပါနဲ့
သူတစ်ပါး  လျှော့ညှာတာရန်ပြောဖို့
ကျွန်ုပ်ထံ  လာခဲ့ပါ

သူတစ်ပါး  အရှုပ်ထုတ်တွေ အကြောင်းပြောဖို့
ကျွန်ုပ်ထံ  မလာခဲ့ပါနဲ့
သူတစ်ပါး  အလုပ် လုပ်တာတွေပြောဖို့
ကျွန်ုပ်ထံ  လာခဲ့ပါ

သူတစ်ပါး  ကြိုးစားတည်ဆောက်နေတဲ့
မင်္ဂလာနံနက်ခင်းလေးကို  လာပြောပါ
သူတစ်ပါး  တိုးပွားပြီးသောက်နေတဲ့
အမင်္ဂလာ  ညနေခင်းကို လာမပြောပါနဲ့

အကျဉ်းချုပ်ပြောရရင်
အကုသိုလ်ဖြစ်စရာ  လာမပြောပါနဲ့
ကုသိုလ်ဖြစ်စရာ  လာပြောပါ
သင်နဲ့တွေ့တိုင်း  ကုသိုလ်ဖြစ်ချင်ပါတယ်"

        ရွှင်​လန်းချမ်း​မြေ့ပါ​စေ ဓမ္မ မိတ်​အားလုံး

No comments:

Post a Comment

မင်္ဂလာပါ ရွှင်​လန်းချမ်း​မြေ့ပါ​စေ