Sunday, 4 December 2016

ပို​ကောင်းတဲ့ မနက်​ဖြန်​ ရ့


ပိုကောင်းတဲ့ မနက်ဖြန်ရဖို့

ပိုကောင်းတဲ့မနက်ဖြန်တွေ၊ အနာဂတ်တွေကို ပိုင်ဆိုင်ရဖို့ဆိုရင် ကိုယ့်ကိုယ်ကို ဒီလိုမေးခွန်းတွေကို မေးသင့်ပါတယ်။

၁။ ဘယ်အရာက ကိုယ့်ကို စိတ်ချမ်းမြေ့စေလဲ။

လူအတော်များများဟာ ဘယ်အရာက ကိုယ့်ကိုစိတ်ဆင်းရဲစေလဲဆိုတဲ့ အကြောင်းကိုသာ ထပ်ကာထပ်ကာ တွေးဖြစ်ကြပါတယ်။

 စိတ်ဆင်းရဲစရာတွေ ဖြေရှင်းဖို့
ကြိုးစားရာကနေ စိတ်ဆင်းရဲစရာတွေပဲ တွေးဖြစ်ရင်း ကိုယ်ပဲ စိတ်ပင်ပန်းရပါတယ်။

 ဒီတော့ ဒီတစ်ခါ ဘယ်အရာက စိတ်ချမ်းမြေ့စေလဲဆိုတာလေးကို
ပြောင်းတွေးပြီး ကိုယ့်စိတ်ပျော်စေမယ့် အရာတွေပဲ လုပ်ကြည့်ကြရအောင်...
.
၂။ ဒီကနေ့ထဲက ကိုယ့်ကို ပြုံးစေတဲ့ အကြောင်းအရာကဘာလဲ။

ဒီနေ့တစ်နေကုန် ဖြတ်သန်းခဲ့သမျှထဲမှာ ကိုယ့်ကို လွတ်လပ်ပေါ့ပါးတဲ့ အပြုံးတွေ ဖြစ်စေတဲ့ အခိုက်အတန့်လေးတွေကို ပြန်ပြောင်းသတိရပါ။

ဒီအပြုံးတွေက
ကိုယ့်ကို စိတ်ဖိစီးမှုတွေကနေ လွတ်ကင်းစေပြီး ပျော်စရာကောင်းတဲ့ မနက်ဖြန်ကိုလည်း ပိုင်ဆိုင်စေမှာပါ။
.
၃။ ဒီနေ့မှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ကိုယ်ဘယ်လိုခံစားစေခဲ့လဲ။

လူတွေဟာ အဝေးမှာရှိနေတဲ့သူတွေကို ဂရုစိုက်ဖို့ပဲ အားသန်နေတတ်ပါတယ်။ တကယ်တော့ တစ်နေ့တာမှာ ကိုယ်နဲ့အတူဖြတ်သန်းရတဲ့သူတွေက
ကိုယ့်အတွက် အထူးအရေးကြီးတဲ့သူတွေပါ။

 ဒီတော့ ဒီနေ့မှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုပြုမူခဲ့လဲ၊ သူတို့ကို ပျော်စေခဲ့လား၊
စိတ်ဆင်းရဲစေခဲ့လားဆိုတာ တွေးသင့်ပါတယ်။

 သူတို့အပေါ် မကောင်းတာတစ်ခုပြုမိခဲ့တယ်ဆိုရင်တော့ နောက်နေ့မှာ တောင်းပန်ရင်းဖြစ်စေ၊ ပိုဂရုစိုက်ရင်းဖြစ်စေ
့မနက်ဖြန်ကို ဖြတ်သန်းသင့်ပါတယ်။

 ဒါဆို ကိုယ့်စိတ်တွေလည်း ပေါ့ပါးပြီး စိတ်ရှင်းနေမှာလည်း ဖြစ်ပါတယ်။
သိထားရမှာက ကိုယ့်အနီးနားကလူတွေက ကိုယ့်ပျော်ရွှင်မှုကို အလျင်မြန်ဆုံး ဖန်တီးပေးတဲ့သူတွေ ဆိုတာပါပဲ။
.
၎။ ဒီနေ့မှာ ပျော်ခဲ့လား၊ စိတ်ဆင်းရဲခဲ့လား။

ဒီနေ့မှာ ပျော်ခဲ့တဲ့အပျော်က နောက်နေ့ထိကူးစက်တာ ကောင်းပေမယ့် ဒီနေ့က စိတ်ဆင်းရဲစရာတွေကတော့ နောက်တစ်နေ့အထိ မကူးစက်သင့်ပါဘူး။

ဒီတော့ ကိုယ့်ရဲ့ စိတ်ညစ်နွမ်းမှုတွေ၊ အားလုံးကို မနက်ဖြန်မှာရလာမယ့် ကံကောင်းခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေနဲ့ ကုစားမယ်လို့ မှတ်ယူပြီး
စိတ်ဆင်းရဲမှုအားလုံးကို ထားရစ်ခဲ့လိုက်ပါ။
.
၅။ ဒီနေ့မှာ ဘယ်အရာတွေကို သင်ယူခဲ့လဲ။

ပြီးပြည့်စုံတဲ့ တစ်နေ့တာကို ရဖို့ ဒီမေးခွန်းက ကိုယ့်ကိုယ်ကို အမေးသင့်ဆုံးမေးခွန်းပါ။

 ဘယ်အရာတွေကို သင်ခဲ့လဲ၊ ဘယ်အကျိုးတွေ ဖြစ်ထွန်းခဲ့လဲဆိုတာကို
အိပ်ရာမဝင်ခင်မှာပဲဖြစ်ဖြစ် တွေးသင့်ပါတယ်။

ဒီ့နောက် မနက်ဖြန်မှာလည်း ဘယ်လိုတိုးတက်အောင် နေမယ်ဆိုတဲ့ အကြောင်းတွေတွေးရင်း
ကိုယ့်စိတ်ကို တက်ကြွနေအောင် လှုံဆော်နိုင်ပါတယ်။
.
၆။ မနက်ဖြန်အတွက် ဒီနေ့ထဲက Plan ချပါ။

မနက်ဖြန်မှာ လုပ်ရမယ့်အလုပ်စာရင်း၊ တွေ့ရမယ့်လူစာရင်း စသဖြင့် အစီအစဉ်တွေကို ကြိုဆွဲထားသင့်ပါတယ်။

လူတော်တော်များများဟာ အချိန်ဇယားနဲ့ အလုပ်လုပ်တာကို စက်ရုပ်ဆန်တယ်လို့ ယူဆကာ အချိန်ဇယားဆွဲခြင်း အလေ့အထ အားနည်းနေပါတယ်။

တကယ်တော့ စည်းစနစ်ကျတာနဲ့ စက်ရုပ်ဆန်ဆန်အလုပ်လုပ်တာ ကွဲပြားပါတယ်။

မနက်ဖြန်အတွက် အစီအစဉ်တွေကို စနစ်တကျရေးဆွဲထားမယ်ဆိုရင် သင့်မနက်ဖြန်ဟာ သင့်ကို တစ်စုံတစ်ခု အကျိုးသက်ရောက်မှု
ရှိနိုင်ပါတယ်။

No comments:

Post a Comment

မင်္ဂလာပါ ရွှင်​လန်းချမ်း​မြေ့ပါ​စေ