Friday, 4 November 2016
ဘဝအတွက်​မိမိ၏ ငါးပါးသီလ
Grf ဘုရားပုံ​တော်
မင်္ဂလာပါရွှင်လန်းချမ်းေ​မြ့ပါ​​စေ
မင်္ဂလာ နေ့သစ်လေးပါ
ကိုယ်စိတ် နှလုံးရွှင်ပြုံးပါစေ


သောကကင်းစင်၍ အေးချမ်းပါစေ
ဘေးဘရာ ဝေးကွာပါစေ


ကောင်းခြင်း မင်္ဂလာအပေါင်းတို့နှင့်
ပြည့်စုံ၍ လိုအင်ဆန္ဒများပြည့်ဝပါစေ

တစ်နေ့တာလုံး အခက်အခဲမရှိ
ကျော်လွား ဖြတ်ကျော်နိုင်ပါစေ

အရှင်နန္ဒမာလာဘိဝသဟောကြားသော
ဘဝအတွက်မိမိ၏ သီလဂုဏ်
လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး
ငါးပါးသီလလောက်ကို လုံခြုံအောင်လုပ်ရမယ်၊
ငါးပါးသီလကို ၀ါရိတ္တသီလလို့ခေါ်တယ်။
ငါးပါးသီလပြည့်စုံမလူ့ဘ၀ပြည့်စုံမယ်။
လူတစ်ယောက်ဟာ အရင်ဘ၀တုန်းက ငါးပါးသီလထဲက
လေးပါးကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်။
အဲဒီထဲမှာ“ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင်
လူ့ဘ၀ရောက်လာတဲ့အခါမှာချမ်းချမ်းသာသာ
ဖြစ်ပေမယ့်လို့ အသက်တိုမယ်၊ အနာရောဂါများမယ်။
(ငရဲကျတာ၊ မကျတာ အသာထား)
အပေါ့ဆုံး အပြစ်က ဒီအထိအောင် ခံရမှာပါ။
“အာဒိန္နာဒါနကံ” မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ
ရှာလို့တော့ ရပါရဲ့၊ ခဏခဏ ပျက်စီးသွားမယ်၊
မီးလောင်တဲ့အထိ ပါသွားမယ်၊ ကိုယ်ရဲ့ပစ္စည်းဥစ္စာဟာ
အမြဲတမ်း ပျက်စီးဆုံးရှုံးနေမယ်၊နောက်တစ်ခု
“ကာမေသု မိစ္ဆာစာရကံ” မလုံရင် လူမုန်းများမယ်၊
အခြောက်တိုက် မုန်းတာမျိုးလိုသူ့မျက်နှာမြင်တာနဲ့
အလိုလိုမုန်းလာမယ်။ “မုသာဝါဒကံ” မလုံရင် သူ့စကားကို
မယုံကြတော့ဘူး၊မယုံကြည်တဲ့ခါ သူ့ရဲ့စကားအရာ
မရောကဖြစ်တယ်၊ ဒါကြောင့် မုသားဆိုရယ်စရာ
အနေနဲ့တောင်မပြောဘဲ ရှောင်ကြဉ်သင့်တယ်လို့
မြတ်ဗုဒ္ဓ ဟောကြားထားတယ်။
“သုရာမေရယကံ” မလုံခြုံခဲ့သူဟာ ဖြစ်ရာဘ၀မှာ
ဦးနှောက်မပြည့်ဘူး၊ ရူးနှမ်းနှမ်းဖြစ်တတ်တယ်။
ဒါကြောင့် လူတွေရဲ့ အခြေခြံသီလဖြစ်တ
ဲ့ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်းသင့်တယ်။
သီလတစ်ပါးပါး လျော့လို့မရဘူး။လူရယ်လို့ ဖြစ်လဲာ့အခါမှာ
အသက်ရှည်ရမယ်၊ ကျန်းမာပြီး အနာကင်းရမယ်၊
ပစ္စည်းဥစ္စာ ရှိရမယ်၊ လူချစ်လူခင် ပေါများရမယ်၊
ဉာဏ်ပညာ ပြည့်စုံရမယ်၊ သြဇာ ရှိရမယ်၊
ရူးနှမ်းနှမ်းမဟုတ်ဘဲ တည်ကြည်သူဖြစ်ရမယ်။
ဒါမှ လူ့ဘ၀မှာ ပြည့်စုံသူလို့ ပြောနိုင်ပါမယ်။
ဒါကြောင့် တရားချစ်ခင်သူတော်ကောင်းအပေါင်း
တို့ကလည်း ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့
လုံခြုံအောင်စောင့်ထိန်းနိုင်ကြပြီး မိမိ၏သီလဂုဏ်ကို
ပြန်ပြီးဆင်ခြင်ဆန်းစစ်လိုက်တဲ့အခါမှာ ၀မ်းသာတဲ့
ပီတိစိတ်ကလေးဖြင့်အာရုံပြုကာ မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြပါစေကုန်သတည်း။
                                        ကြိုးစားလျှက်ပါဘုရား
No comments:
Post a Comment
မင်္ဂလာပါ ရွှင်​လန်းချမ်း​မြေ့ပါ​စေ